အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ တပ်တွေနဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဒီကနေ့မှာလည်း ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး ညှိနှိုင်းဖို့ ဆောင်ရွက်ရာမှာ AA ဘက်က အကြောင်းမပြန်ဘူးလို့ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကပြောပါတယ်။
“အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းက ကျနော်တို့ စခန်းချထားတဲ့ နေရာကို သူတို့က ပြောင်းရွှေ့မယ်၊ စခန်းချမယ် အဲလိုပုံစံမျိုးလို့ကြားရတယ်လေ။ ညှိနှိုင်းဖို့ အဲဒါ သူတို့ဘက်က မတုံ့ပြန်ဘူး။ ကျနော်တို့ဘက်က စာပေးတယ်။ ဒီဟာ ကိုယ့်အချင်းချင်း မကောင်းဘူး။ မလိုလားအပ်တဲ့ လူတွေ အသက်ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်။ အဲဒီက ထွက်ခွာပေးဖို့ တပ်ဦးစီးချုပ်ကို စာပေးတယ်။ သူက အကြောင်းမပြန်ဘူး။”
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ သြဂုတ် ၂၂ ရက်က အိန္ဒိယ-မြန်မာနယ်စပ်မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့တုန်းကတော့ မီဇိုရမ်ပြည်နယ်နဲ့ကပ်လျက် မြန်မာပြည်တွင်းက ဌာနချုပ်ခွဲလုပ်ထားတဲ့ ရိန်းဂျားစခန်းကနေ ဆုတ်ပေးခဲ့တယ်လို့ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။
တိုက်ပွဲကြောင့် ALP ဘက်က ၁ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သလို ၂ ဦးလည်း ပျောက်ဆုံးနေဆဲပဲလို့ ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် AA ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြား ခြင်းမရှိပါဘူး။
=====================
251/ End
၂၄ ဩဂုတ် ၂၀၁၇ - ၁၇:၄၆
News ID: 850302