၂၆ ဩဂုတ် ၂၀၁၇ - ၁၈:၅၆
 မြန်မာ့ပဲလောကအကျပ်အတည်းကို ဖြေရှင်းရန် အစိုးရနှင့် ကုန်သည် လုပ်ငန်းရှင်များ အစည်းအဝေးက အချက် ၁၀ ချက် သဘောတူ လက်ကျန်ပဲများအတွက်

မြန်မာ့ပဲလောကအကျပ်အတည်းကို ဖြေရှင်းရန် အစိုးရနှင့် ကုန်သည် လုပ်ငန်းရှင်များ အစည်းအဝေးက အချက် ၁၀ ချက် သဘောတူ လက်ကျန်ပဲများအတွက် အစိုးရနှင့်ပုဂ္ဂလိကမှ ငွေကြေးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မည်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာ့ပဲလောက အကျပ်အတည်းကို ဖြေရှင်းရန်အ စိုးရနှင့်ကုန်သည်လုပ်ငန်းရှင်များ ပြုလုပ်သော အစည်းအဝေးမှ  အချက် ၁၀ ချက်ကို ဩဂုတ် ၂၅ ရက်တွင် သဘောတူညီမှုရရှိခဲ့ သည်။

ဆွေးနွေးမှု သဘောတူညီ ချက်များအဖြစ် အိန္ဒိယနိုင်ငံမှ ပဲ တင်သွင်းမှုဆိုင်ရာ မူဝါဒပြောင်း လဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ထွက်သော ပဲများအိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေး ပဲတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းကော်မတီ ဖွဲ့ စည်းရန်၊ နှစ်နိုင်ငံကြားပဲရောင်း ၀ယ်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာရေးထိုးနိုင်ရေး ကော်မတီအ ဖွဲ့က ဆောင်ရွက်ရန်တို့ ပါဝင် သည်။

ထို့အပြင် ပြည်တွင်းရှိ လက် ကျန်ပဲများအတွက် အစိုးရနှင့် ပုဂ္ဂလိကမှ ငွေကြေးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ပဲစင်း ငုံတောင်သူများ ထိခိုက်နစ်နာမှု မရှိစေရေး မကြာမီထွက်ရှိလာ မည့် တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဥပဒေအရ စီစဉ်ဆောင် ရွက်ရန်တို့ဖြစ်သည်။

ပေါင်းစပ်ညှိနှိုင်းကော်မတီ ကို ၀န်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများပူးပေါင်းပါဝင်ဖွဲ့ စည်းမည်ဖြစ်သည်။

ထို့အပြင် မတ်ပဲနှင့်ပဲစင်းငုံ ကဲ့သို့ ဈေးကွက်ဝေစုရရှိနိုင်မည့် အခြားပဲသီးနှံများ စိုက်ပျိုးနိုင်ရေး လိုအပ်သလိုစီစဉ်ဆောင်ရွက်ရန်၊ လက်ကျန်ပဲများအပေါ် ပြည်တွင်း ၌ သုံးစွဲနိုင်ရေးနည်းလမ်းများရှာ ဖွေရန်၊ ပဲမျိုးစုံကို တန်ဖိုးမြင့်ထုတ် ကုန် (Value Added)ပြုလုပ်ပြီး တင်ပို့နိုင်ရေး ငွေကြေးအရင်းအ နှီးကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက် ရန်စသည့်အချက်များကိုလည်း သဘောတူညီမှုရရှိခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ စိုက်ပျိုး ထုတ်လုပ်သူများ၊ ကုန်သည်လုပ် ငန်းရှင်များ၊ Exporter များ၊ ပ ညာရှင်များပါဝင်သော ပဲမျိုးစုံ ကဏ္ဍနှင့်ပတ်သက်၍ Stake-holder များပါဝင်သော ဆွေးနွေး ပွဲ တစ်ခု ကျင်းပဖော်ထုတ်ရန်၊ အိန္ဒိယနိုင်ငံပဲတင်သွင်းမှု မူဝါဒ ပြောင်းလဲမှုနှင့်ပတ်သက်၍ စိုက် ပျိုးထုတ်လုပ်သူ တောင်သူများ နှင့် အများပြည်သူသိရှိစေရေး သ တင်းထုတ်ပြန်ပေးရန်နှင့် ပဲမျိုးစုံ ဈေးကွက်သစ်များရရှိရေးနှင့် ပုဂ္ဂ လိကကုန်သည်လုပ်ငန်းရှင်များ ပူးပေါင်းရှာဖွေချိတ်ဆက်ရန် စ သည့်အချက်များကို အစည်းအ ဝေးက သဘောတူညီထုတ်ပြန်ခဲ့ သည်။

အိန္ဒိယအစိုးရ၏ ပဲမူဝါဒအ ပြောင်းအလဲကြောင့် မြန်မာ့ပဲ လောကအကျပ်ရိုက်နေချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးများ၊ ကုန်သည် လုပ်ငန်းရှင်များ စုပေါင်းကာ ဩ ဂုတ် ၂၅ ရက်က နေပြည်တော်ရှိ စီးပွားကူးသန်း ၀န်ကြီးဌာန၌  အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုဆိုင် ရာ သွင်းကုန်မူဝါဒပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပဲမျိုးစုံကဏ္ဍအ လိုက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ ခြင်းဖြစ်သည်။

သက်ဆိုင်ရာ ၀န်ကြီးဌာန များအနေဖြင့် စက်တင်ဘာ ၅ ရက်တွင် အိန္ဒိယ ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်၌ တွေ့ဆုံဆွေးနွေးမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အိန္ဒိယအစိုးရက မြန်မာနိုင် ငံအပေါ် ပဲတင်သွင်းမှုကန့်သတ် သည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ သံအမတ်ကြီးနှင့် ယနေ့ (ဩဂုတ် ၂၆ ရက်)တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ် သက်၍ မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က ‘‘လတ်တလော ပဲကိစ္စကို အ ကောင်းဆုံးပြေလည်အောင် နှစ် ဖက်မိတ်ဝတ်မပျက်ဖြေရှင်းရေး ပါပဲ’’ ဟု ဖြည့်စွက်ပြောကြား သည်။

အိန္ဒိယနိုင်ငံအစိုးရက မြန် မာနိုင်ငံအပေါ် ပဲတင်သွင်းမှုကန့် သတ်သဖြင့် ပဲစိုက်တောင်သူများ နှင့် ကုန်သည်များမနစ်နာစေရေး အစိုးရက ရန်ပုံငွေတစ်ခု ထူ ထောင်၍ ဈေးနှုန်းတစ်ခု သတ် မှတ်ဝယ်ယူပေးရေး ကုန်စည်ဒိုင် ဥက္ကဋ္ဌများက တောင်းဆိုသည်။

=====================
251/ End