၂၉ ဩဂုတ် ၂၀၁၇ - ၁၈:၀၂
နိုင်ငံနှင့် ပြည်သူကို မျက်နှာမူသည့် နိုင်ငံရေးနှလုံးသွင်းရန် NRPC ဒုဥက္ကဋ္ဌ တိုက်တွန်း

နိုင်ငံနှင့် ပြည်သူကို မျက်နှာမူသည့် နိုင်ငံရေးကို နှလုံး သွင်းကြရန် တိုက်တွန်းကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့မှ ၂၁ ရာစုပင်လုံညီလာခံကိုယ်စားလှယ်များအား ပြောကြားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံနှင့် ပြည်သူကို မျက်နှာမူသည့် နိုင်ငံရေးကို နှလုံး သွင်းကြရန် တိုက်တွန်းကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့မှ ၂၁ ရာစုပင်လုံညီလာခံကိုယ်စားလှယ်များအား ပြောကြားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေး ပွဲကို သြဂုတ် ၂၈ ရက်က နေပြည် တော်၌ ကျင်းပရာ ဦးကျော်တင့် ဆွေက ယင်းသို့ ပြောကြားခဲ့ သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တစုတဖွဲ့တည်းကပဲ လိုချင်သည်များ ရာနှုန်းပြည့်အကုန်မရတတ်ဘဲ အပေးအယူ၊ အလျှော့အတင်းများနှင့် ညှိနှိုင်းယူမှအောင်မြင်နိုင်မည်ဆိုသည်ကို အလေးအနက်

ပြောကြားလိုကြောင်း ဦးကျော် တင့်ဆွေက ပြောသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်ခေါင်းဆောင်များအကြား အရေးကြီးသည့် မူဝါဒပိုင်းများ တွင် ကြိုတင်ဆွေးနွေးညှိနှိုင်းပြီး ဘုံရပ်တည်ချက်ရယူနိုင်ခဲ့သည့် တိုင် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးအပါအ၀င် ညီလာခံများ၊ ဆွေးနွေးပွဲများ၌ ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စဉ်းစားသုံးသပ်ဆွေးနွေးမှုများကြောင့် ၀ိဝါဒကွဲလွဲမှုများဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲများတွင် ‘အစိုးရ ဘက်ပဲ အရင်ညှိပါဦး’ဟု ထုတ် ဖော်ပြောကြားခြင်းများ ရှိခဲ့၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့သုံးဖွဲ့ကြားတွင် ပေါင်း စပ်ညှိနှိုင်းမှုများအားဖြည့်ရန်လို အပ်ကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။

ထို့ကြောင့် လာမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမတိုင်မီ အချင်းချင်းကျေကျေလည်လည် ဆွေးနွေးထားရန်နှင့် ယခုကတည်းက ၀ိဝါဒကွဲပြားစရာများကို ကြိုတင်ငြင်းခုံဆွေးနွေးထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခု စကားဝိုင်းဆွေးနွေးပွဲ တွင် ညီလာခံ၏ ဖွဲ့စည်းတည် ဆောက်မှုအဆင့်ဆင့် Structure အပိုင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာ မူဘောင်အပိုင်းနှင့် ညီလာခံ၌ သဘောတူညီချက်မရခဲ့သည့် အခြေခံများ၊ နောက်လာမည့် ညီလာခံတွင် ပါဝင်သင့်သည့် အခြေခံမူများ စသည့် အပိုင်းသုံးပိုင်းကို ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ အချက်များကို ကျေလည်စွာ ဆွေးနွေးညှိနှိုင်းထားနိုင်မှသာ အစိုးရ-လွှတ်တော်-တပ်မတော်ပါဝင်သည့် အစိုးရအစုအဖွဲ့အနေဖြင့် ဘုံသဘောထားရပ်တည်ချက်ဖြင့် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ညီ လာခံကိုယ်စားလှယ်များအပါအ ၀င်အစိုးရနှင့် တပ်မတော်အစုအ ဖွဲ့တို့မှ ပါဝင်သင့် ပါဝင်ထိုက်သူ များ တက်ရောက်ခဲ့သည်


=====================
251/ End