၂ စက်တင်ဘာ ၂၀၁၇ - ၁၈:၂၈
အကြမ်းဖက်သမား ၃၇၀ ကို အသေဖမ်းမိပြီး ကိုးဦး အရှင်ဖမ်းမိ

မောင်တောဒေသ ရဲကင်းစခန်း များ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ် အတွင်း သြဂုတ် ၂၅ ရက်မှ ၃၀ ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား များအကြား ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃၇၀ ဦး ကိုအသေဖမ်းမိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ညတွင် သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မောင်တောဒေသ ရဲကင်းစခန်း များ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ် အတွင်း သြဂုတ် ၂၅ ရက်မှ ၃၀ ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား များအကြား ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃၇၀ ဦး ကိုအသေဖမ်းမိခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ညတွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ARSA အကြမ်းဖက်သ မားကိုးဦးကို အရှင်ဖမ်းမိပြီး သေနတ် ရှစ်လက်၊ ကျည်များ၊ မိုင်းများ၊ ဂျင်ကလိ များအပါအ၀င် လက်နက်ခဲယမ်း၊ ၀တ်စုံ များနှင့် ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်သမား အများအပြား က လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အား အလုံးအရင်းဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၍ ယခုကဲ့သို့ အသေဖမ်းဆီးရမိသူ အရေ အတွက်များခြင်းဖြစ်သည်ဟု အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က စက်တင်ဘာ ၁ ရက်တွင် ပြောသည်။

‘‘နေ့စဉ် တိုက်ပွဲတွေဖြစ်တယ်။ အကြမ်းဖက်တဲ့အဖွဲ့တွေက ကားမိုင်း ထောင်တယ်။ လက်လုပ်မိုင်းနဲ့ထောင် တယ်။ ပစ်တယ်။ နောက် ရွာတွေကနေ ပစ်ခတ်တိုက်ခိုက်လို့ ကိုယ်တို့က လိုက် လံပြီးတော့ နှိမ်နင်းရတယ်’’ ဟု ၎င်းက ဆိုသည်။အဆိုပါဖြစ်စဉ်များတွင် လုံ ခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် နိုင်ငံ့ ၀န်ထမ်းနှစ်ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်သည်တစ်ဦး ပျောက်ဆုံးကာ သေနတ် ၁၁ လက်နှင့် ခဲယမ်းမီးကျောက်များ ဆုံးရှုံးခဲ့ကာရဲတပ်ဖွဲ့ပိုင် ယာဉ် ခုနစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာ ၀င် ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်း သား သုံးဦး၊ ရခိုင်တိုင်းရင်းသား လေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ ပြီး ဒိုင်းနက်တိုင်းရင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးပျောက် ဆုံးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသ အကြမ်း ဖက်မှု ရှစ်ရက်မြောက်ဖြစ်သော စက်တင်ဘာ ၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများအကြား ထိတွေ့ပစ်ခတ်မှုများစွာ လျော့နည်းခဲ့သည်ဟု ပြောနိုင်ကြောင်း ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။

 ‘‘ထိန်းထားနိုင်ပြီဆိုတာ တော့ ဒီကောင်တွေ (အကြမ်း ဖက်သမားတွေ)က ဘယ်လိုပြန် ပြီးတော့ အကြံအစည်ရှိသလဲ ပေါ့နော်’’ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၁ ရက် မောင် တောဒေသ အခြေအနေသည် ယခင်ရက်များထက် ပိုမိုတည်ငြိမ် လာပြီဖြစ်သော်လည်း ဒေသခံများသည် စိုးရိမ်မှုများရှိနေ၍ မောင်တောမြို့မှ အခြားမြို့များသို့ တိမ်းရှောင်သူများရှိနေဆဲဖြစ်ကြောင်း 7Day Daily သတင်းထောက်က သတင်းပေးပို့သည်။

မောင်တောဒေသတွင် မီးရှို့ မှု၊ ထိတွေ့ပစ်ခတ်မှုများမရှိသ လောက်နည်းပါးနေပြီး တိမ်း ရှောင်နေသူများအတွက် လိုအပ် သော စားနပ်ရိက္ခာများကို တာဝန်ရှိသူများက ဖြန့်ဝေပေးနေသည်။ မြို့ပေါ်လမ်းများတွင် ဒေသခံများသာ သွားလာလှုပ်ရှားလျက်ရှိပြီး ဘင်္ဂါလီများသွားလာမှု မရှိသေးပေ။ မြို့မဈေးကြီး ဈေးဆိုင်များ၊ အပြင်ဈေးဆိုင်များ အားလုံးနီးပါး ပိတ်ထားဆဲဖြစ်သည်။

တစ်ပတ်ကြာဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ကြောင့် ဘူးသီးတောင်နှင့် မောင် တောမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၇၀ ကျော်မှ ဒေသခံတိုင်း ရင်းသားပြည်သူ တစ်သောင်း ကျော်ကို လုံခြုံရေးစိတ်ချရသည့် နယ်မြေခံတပ်ဌာနချုပ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။

ယခု အကြမ်းဖက်မှုဖြစ်စဉ် များတွင် မောင်တောမြို့နယ်အ တွင်း၌ တိုင်းရင်းသားကျေးရွာ သုံးရွာရှိ အိမ်ခြေ ၁၃၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကိုးတန်ကောက်၊ မြင်းလွှတ်နှင့် ကျီးကန်ပြင်ကျေးရွာများ အပါအ၀င် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ကျေးရွာ ၃၂ ရွာနှင့် မောင်တောမြို့ရှိ ရပ်ကွက် နှစ်ခု တို့ကို အကြမ်းဖက်သမားများ ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြသ ဖြင့် အိမ်ခြေ ၂,၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်မှုဖြစ်စဉ် ဖြစ် ပွားပြီး ခုနစ်ရက်မြောက်ဖြစ်သည့် သြဂုတ် ၃၁ ရက်တွင် ဘင်္ဂါလီကျေးရွာသားများကိုယ်တိုင် အကြမ်းဖက်သမားများကို ဖမ်းဆီးပြီး ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံမှုများရှိခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်သည်ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

‘‘မောင်တောက ရပ်ကွက် (၂)က ရပ်ကွက်ကနေ သူတို့ ဘင်္ဂါလီချင်း ဖမ်းပို့တာရှိတယ်။ ဒါပေမဲ့ သူတို့က အကြမ်းဖက်ဆို ပေမယ်လို့ ကိုယ်တို့က ပြန်စိစစ် ရမှာပေါ့။ တော်ကြာ သူတို့ချင်း ပုဂ္ဂိုလ်ရေး မကျေနပ်လို့လား။ ဒါမှမဟုတ်ရင် ဘယ်လိုလဲဆိုတာ ဒီအချိန်မှာတော့ ပြန်စိစစ်ရဦးမှာ ပေါ့။ ဘာပဲပြောပြောရွာကို အ ကြမ်းဖက်ဒုက္ခပေးနေတဲ့ ကောင် တွေကို သူတို့ ဖမ်းပို့တာဆိုရင် တော့ ကိုယ်တို့က ဒီလမ်းကြောင်း ကို လိုချင်တာပေါ့’’ဟု ၎င်းက ဆို သည်။မောင်တောဒေသ အခြေအ နေနှင့်ပတ်သက်ပြီး အစိုးရသ တင်းထုတ်ပြန်ရေးကော်မတီက လည်း သတင်းထုတ်ပြန်ရာ ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကျော်ဆွေနှင့် တာဝန်ရှိသူ များသည် စက်တင်ဘာ ၁ ရက် တွင် ခေတ္တ တိမ်းရှောင်လာသည့် တိုင်းရင်းသားများကို လိုက်လံ ကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ လုံခြုံရေးဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

=====================
251/ End