အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိရန် ကောလာဟလထုတ်လွှင့် ခြင်းနှင့် လုပ်ကြံသတင်းအမှား များ ဖြန့်ချိခြင်းမပြုရန် အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိ အရေးကြီးသောအချိန်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းများ၊ ကောလာဟလများ ဖြန့်ချိခြင်းကြောင့် ဦးစားပေးလုပ် ငန်းတာဝန်များ ဆောင်ရွက်နေ သည့် အုပ်ချုပ်ရေးတာဝန်ရှိသူ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ပြည်သူများအတွက် အခက်အခဲ များ ဖြစ်ပေါ်စေနိုင်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တော် မြို့နယ် ပြည်တော်သာရပ်ကွက် အနီး ပိုက်သည်ရပ်ကွက် သင်္ချိုင်း ဟောင်းရှိ ဇရပ်ဟောင်း ဖျက်ဆီးခံနေရကြောင်း ကောလာဟလ များ ထုတ်လွှင့်၍ ဆူပူမှုဖြစ်ပေါ်စေလိုသူအချို့က သွေးထိုးလှုံ့ဆော်ခဲ့သောကြောင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက် ခဲ့ရသည်ဟု ဆက်လက်ဖော်ပြ သည်။
ထို့အတူ စက်တင်ဘာ ၁ ရက် ညနေတွင်လည်း ကျောက် ဖြူမြို့နယ် စေတီတောင်ရပ်ကွက် တွင် ရုံးခန်းဖွင့်လှစ်ထားသော လူငယ်အားမာန်အဖွဲ့ (Youth Strength Association-YSA) ရုံးကို ကျောက်ဖြူခရိုင် လူငယ် အဖွဲ့မှ အင်အားအချို့ လာရောက် စုရုံးဝိုင်းဝန်းမှု ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်ကို တာဝန်ရှိသူ များက သွားရောက်တားဆီးခဲ့သဖြင့် ပြဿနာတစ်စုံတစ်ရာ မတက်ဘဲ ည ၉ နာရီကျော်တွင် လူစုကွဲသွားကြောင်း သတင်း ထုတ်ပြန်သည်။
ယင်းကဲ့သို့ သတင်းအမှား များ၊ ကောလာဟလသတင်းများ ထုတ်လွှင့်ဖြန့်ချိခြင်း မပြုရန်နှင့်မောင်တောဒေသအတွင်း အ ကြမ်းဖက်အန္တရာယ်မှ တုံ့ပြန်ချေ မှုန်းနိုင်ရေး၊ တည်ငြိမ်အေးချမ်း ရေးတို့အတွက် ပူးပေါင်းကူညီ ဆောင်ရွက်ရန် အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက တိုက် တွန်းထားသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့ သော အရပ်ဘက်အဖွဲ့အစည်း များ၏ သဘောထားကြေညာချက် တွင်လည်း လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်း ရှုပ်ထွေးခက်ခဲသော အခြေအနေ၌ ပြည်တွင်း၊ ပြည်ပ မှ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုး ပမ်းမှုများ၊ နားလည်မှုလွဲမှားပြီး သွေးဆူအုံကြွစေနိုင်သော သတင်းများ ထုတ်လွှင့်ဖြန့်ဝေကာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းနေမှုများကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် ဩဂုတ် ၂၈ ရက် တွင် 7Day သတင်းဌာန အပါအ ဝင် ပြည်တွင်း၊ ပြည်ပ သတင်း ဌာနအချို့က မောင်တောအကြမ်း ဖက်ခံရမှုဖြစ်စဉ်ကို သတင်းရယူ ရန် သွားရောက်ရာ သတင်းသမားများကို ချောက်ချထားသည့် သတင်းအမှားများကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် လွှင့်တင်ခြင်း များ ရှိခဲ့သည်။
=====================
251/ End
၃ စက်တင်ဘာ ၂၀၁၇ - ၁၈:၅၇
News ID: 852228
ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိရန် ကောလာဟလထုတ်လွှင့် ခြင်းနှင့် လုပ်ကြံသတင်းအမှား များ ဖြန့်ချိခြင်းမပြုရန် အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီ က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။