၁၃ စက်တင်ဘာ ၂၀၁၇ - ၁၃:၄၂
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့၌ ပြုလုပ်နေသော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့၌ ပြုလုပ်နေသော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြား သည်။

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ မူလက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မည်ဟု 7Day Daily သတင်းစာက စုံစမ်းသိရှိထားသော်လည်း လက်ရှိတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အတည် ပြုပြောကြားသည်။‘‘နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ အဓိကကတော့ ဒီနေ့ဒီအခါမှာ ခရီးသွားဖို့ စပြင်တဲ့ အခါမှာ ဒုတိယသမ္မတ အနေနဲ့ စပြင်တာ မှန်ပါတယ်’’ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးကျော်ဇေယျက စက် တင်ဘာ ၁၂ ရက်တွင် 7Day Daily သတင်းစာအား ပြောကြား သည်။ ကုလသမဂ္ဂအထွေထွေညီ လာခံကို စက်တင်ဘာ ၁၂ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဒုသမ္မတ(၂) ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် ထွက်ခွာဖွယ်ရှိကြောင်း ဦးကျော်ဇေယျက ပြောသည်။

အထက်ပါ  ခရီးစဉ်တွင် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင် ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်း၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါရန်စီစဉ်ထားသည်။ ထို့အပြင် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကုလ သမဂ္ဂအထွေထွေညီလာခံ၌ အ ထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ် ရပ်ပြောကြားနိုင်ဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ်က ပြုလုပ် သော ကုလသမဂ္ဂအထွေထွေညီ လာခံသို့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ သည်။ ‘‘တက်၊ မတက် ကျွန်တော် လည်း မသိသေးဘူး။ (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်) တက်ရင် တော့ ကောင်းတာက ကိုယ်တိုင် ရှင်းပြလို့ရမယ်။ မတက်ဘူးဆိုရင် တော့ ကိုယ့်ဆန္ဒပြတာ ဘာညာ မကြုံရတော့ဘူးပေါ့။ တက်၊ မတက်ကတော့ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပေါ့’’ဟုမြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဦးဇေယျသူက မှတ်ချက်ပြုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နှစ်က ကုလ သမဂ္ဂအထွေထွေညီလာခံမတိုင် မီ အမေရိကန် သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

ယင်းအချိန်က အိုဘားမား နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ပြီး ခရီးစဉ်အတွင်း ဟားဗတ်တက္က သိုလ်ကပေးအပ်သည့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်နှစ်တာဆု (Harvard Foun-dation 2016 Humanitarian of the Year Award) ကို လက်ခံရယူခဲ့သည်။

=====================
251/ End