၁၄ စက်တင်ဘာ ၂၀၁၇ - ၁၃:၃၁
အကြမ်းဖက်ခံရသည့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ် ၂၃၀ သိန်းကျော်ရရှိ

အကြမ်းဖက်လုပ်ရပ်တွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေး လိုအပ်ချက်တွေရှိနေတဲ့ ရခိုင်ဒေသရှိ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် မွန်ပြည်နယ် သထုံမြို့မှာ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်အလှူခံခဲ့ရာ ဒီနေ့အထိ အလှူငွေကျပ်သိန်း ၂၃၅၄၇၀၀၀ ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အကြမ်းဖက်လုပ်ရပ်တွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေး လိုအပ်ချက်တွေရှိနေတဲ့ ရခိုင်ဒေသရှိ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် မွန်ပြည်နယ် သထုံမြို့မှာ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်အလှူခံခဲ့ရာ ဒီနေ့အထိ အလှူငွေကျပ်သိန်း ၂၃၅၄၇၀၀၀ ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

သထုံမြို့နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံစုပေါင်းကာ သထုံမြို့ ရွှေစာရံစေတီတော်အရှေ့မှာ စက်တင်ဘာ ၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ အလှူငွေကောက်ခံသွားမှာဖြစ်ပြီး ရရှိတဲ့ အလှူငွေတွေကို ရခိုင်ဒေသရှိ ဒုက္ခရောက်နေသူတွေထံ အခုလအတွင်း သွားရောက်လှူဒါန်းပေးသွားမယ်လို့ သထုံမြို့ ရခိုင်သာရေးနာရေးကူညီမှုအသင်းက ပြောပါတယ်။

သထုံခရိုင်ရှိ ရခိုင်သာရေးနာရေးကူညီမှုအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ကျော်က “ဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရခိုင်တိုင်းရင်းသားတွေအတွက် လုပ်ဆောင်နေကြတာကို မြင်တော့ ရခိုင်မှာ မနေပေမယ့်လည်း ရခိုင်လူမျိုးတဦးအနေနဲ့ အများကြီးအားတက်မိတယ်။ ARSA အဖွဲ့ ရခိုင်ဒေသမှာဝင်ရောက်ကြီးစိုးပြီး နယ်ချဲ့နေတဲ့အတွက် အကြမ်းဖက်မှုလို့ပဲ ယူဆတယ်။ နောက်ကို ဒါမျိုးမဖြစ်အောင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေညီညွှတ်ပြီး အစိုးရ၊ တပ်မတော်နဲ့ အတူတူလက်တွဲလုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ ခြံစည်းရိုး လုံခြုံစွာ ကာရံပြီး တိုင်းရင်းသားများပါဝင်တဲ့ နယ်ခြားစောင့်တပ်များဖွဲ့စည်းပြီး ကာကွယ်မှသာ အကြမ်းဖက်မှုလုပ်ရပ်တွေကနေ ကာကွယ်နိုင်မယ်” လို့ ပြောပါတယ်။

ရခိုင်ဒေသရှိ ပြည်သူတေါကို ကူညီနိုင်ဖို့ သထုံမြို့နယ် ဂိုဏ်းပေါင်းစုံဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့ အလှူငွေ ကောက်ခံရာမှာ သထုံမြို့နယ်အတွင်းရှိ မွန်၊ ကရင်၊ ရခိုင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတွေ တတပ်တအား ပါဝင်ကူညီပေးနေကြပါတယ်။

သထုံမြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး ဦးတင်နွယ်က “မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာခဲ့မယ်ဆိုရင် ကျန်တဲ့တိုင်းရင်းသားအားလုံးက စုပေါင်းကာကွယ်ရမှာပါ။ ဒါဟာ နိုင်ငံနဲ့ လူမျိုးအပေါ်ချစ်တဲ့ အခြေခံလိုအပ်တဲ့ စိတ်ပါ။ ရခိုင်အရေးနဲ့ပတ်သက်ပြီး မွန်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်ခံနေရတာတွေကို ရှုတ်ချပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

=====================
251/ End