၂၂ စက်တင်ဘာ ၂၀၁၇ - ၁၅:၅၉
နေရပ်စွန့်ခွာ မောင်တောဒေသခံများနှင့် နယ်စပ်ခြံစည်းရိုးကာရန် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ်သိန်းနှစ်ထောင် လှူဒါန်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင် တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများ အတွက်နှင့် နယ်စပ်ခြံစည်းရိုးကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင် တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများ အတွက်နှင့် နယ်စပ်ခြံစည်းရိုးကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် စစ် တွေမြို့သို့သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဆရာတော်ဦးသောပါက က မိန့်ကြားသည်။

‘‘ကာကွယ်ရေးဦးစီးချုပ်တို့ အလှူလက်ခံတဲ့နေရာမှာ သွား လှူခဲ့တယ်။ ရည်ရွယ်ချက်က သုံး ခုရှိတယ်။ အကြမ်းဖက်ဘင်္ဂါလီ တွေ သတ်လို့သေသွားတဲ့ နိုင်ငံ့ ၀န်ထမ်းတွေ၊ အကြမ်းဖက်သမား တွေကြောင့် ဒုက္ခရောက်နေတဲ့ သူတွေနဲ့၊ တာဝန်ထမ်းဆောင်နေ တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ် ဖွဲ့ဝင်တွေအတွက် လှူခဲ့တာပါ’’ ဟု ဆရာတော်ဦးသောပါကက မိန့်ကြားသည်။

ထို့ပြင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက် ​လှူဒါန်းမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ဆရာတော် ဦးသောပါကက မိန့်ကြားသည်။

ကရင်ပြည်နယ် မဘသဇွဲက ပင်ဆရာတော်၊ မွန်ပြည်နယ် မြစေတီဆရာတော်တို့နှင့် အမျိုးသား ရေးဦးဆောင်ဆရာတော် ၁၆ ပါးသွားရောက် လှူဒါန်းခြင်းဖြစ် ကြောင်း အဆိုပါဖောင်ဒေးရှင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်အတွက် တတိယအကြိမ် အလှူငွေပေးအပ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့သည် ယခင်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို ဖျက်သိမ်းကာ နာမည်ပြောင်းလဲထားသော အဖွဲ့ဖြစ်သည်။

========================
251 / End