အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းမိုင်၊စက်တင်ဘာလ ၃၀ ။ ။ အစိုးရ ငြိမ်ချမ်းရေကော်မရှင် (PC)နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့( DPN)တို့ အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်းမှ ရန်ကုန်မြို့တွင် တရားဝင်တွေ့ဆုံရန် ရက်ရွှေ့ဆိုင်းလိုက်သည်။
PC နှင့် DPN တို့ အလွတ်သဘောတွေ့ဆုံစဉ် လာမည့် အောက်တိုဘာလ ၆ ရက်၊ ၇ ရက်များတွင် သတ္တမ အကြိမ် တရားဝင် တွေ့ဆုံရန် ညှိနှိုင်းခဲ့ရာမှ ရုံးပိတ်ရက်များကြောင့် ထိုနေ့တွင် မတွေ့ဆုံနိုင်ကြောင်း PC ဘက်မှ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် စာရေးအကြောင်းကြားခဲ့သည်ဟု DPN မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။
“အကြောင်းပြချက်က ကျနော်တို့ ပြောတဲ့ ၇ ရက်နေ့က သတင်းကျွတ် holiday (ရုံးပိတ်ရက်) နဲ့ဆုံသွားလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ၉ ၊ ၁၀ ၁၁ ကနေ ကျနော်တို့လည်း အလုပ်ရှိလို့ ၁၅ ရက်နေ့နောက်ပိုင်းမှလို့ ပြောလိုက်တယ်”ဟု နိုင်အောင်မပေးက သတင်းထောက်များကို ပြောသည်။
လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ကတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ၂ နှစ်ပြည့် နေ့လည်း ဖြစ်သည်။
အစိုးရက ကျန်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း NCA ၂ နှစ်ပြည့်နေ့တွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသော်လည်း လက်ရှိ ဆွေးနွေးမှု အခြေအနေအရ မဖြစ်နိုင်သေးကြောင်း နိုင်အောင်မငေးက ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုခဲ့သည်။
စက်တင်ဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတုတ္ထအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံစဉ် သတ္တမအကြိမ်မြောက် တရားဝင် တွေ့ဆုံရန် ညှိနှိုင်းခဲ့သလို၊ UNFC ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံလိုကြောင်း DPN ဘက်မှ တင်ပြခဲ့ခြင်း ဖြစ်သည်။
========================
251 / End
၁ အောက်တိုဘာ ၂၀၁၇ - ၁၆:၃၅
News ID: 857623
ချင်းမိုင်၊စက်တင်ဘာလ ၃၀ ။ ။ အစိုးရ ငြိမ်ချမ်းရေကော်မရှင် (PC)နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့( DPN)တို့ အောက်တိုဘာ ၁၅ ရက်နေ့နောက်ပိုင်းမှ ရန်ကုန်မြို့တွင် တရားဝင်တွေ့ဆုံရန် ရက်ရွှေ့ဆိုင်းလိုက်သည်။