အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လက်မှတ်ထိုးနိုင် ရေးညှိနှိုင်းမှု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှသာ ပြုလုပ်နိုင် မည်ဟု အစိုးရဘက်ကအကြောင်း ပြန်ကြောင်း ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ပြော ကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏နိုင်ငံရေးဆိုင် ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (DPN)တို့သည် စက် တင်ဘာ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ရာ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာ ပထမပတ်အတွင်း ကျင်းပရန် UNFC ကအဆိုပြုခဲ့သည်။
‘‘မနေ့က ငြိမ်းချမ်းရေးကော် မရှင်က အကြောင်းပြန်လာတယ်။ ကျွန်တော်တို့ ၁၅ ရက်နေ့နောက် ပိုင်းမှ တွေ့ဆုံဖို့အခြေအနေရှိ တယ်။ ကျွန်တော်တို့အဆိုပြုထား တဲ့ ၇ ရက်နေ့က သီတင်းကျွတ် အားလပ်ရက်နဲ့ သွားဆုံတဲ့အ တွက်တဲ့’’ ဟု နိုင်အောင်မငေးက ပြောသည်။
အောက်တိုဘာ ၁၅ ရက် သည် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ NCA လက်မှတ်ထိုးခဲ့သည့် (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယခင် က UNFC အဖွဲ့အစည်းများယင်း နေ့မတိုင်မီ NCA တွင်ပါဝင်လာ နိုင်ရေးအစိုးရကိုယ်စားလှယ်အ ချို့က မျှော်လင့်နေရာလက်ရှိ အ ခြေအနေအရမဖြစ်နိုင်တော့ပေ။
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ရန်ကုန်မြို့၌ ဩဂုတ်က ကျင်းပခဲ့သော ခြောက်ကြိမ် မြောက်ဆွေးနွေးပွဲတွင် UNFC အဆိုပြုချက်ရှစ်ချက်အနက်လေး ချက်ကို ဆွေးနွေးပြီးပြတ်ပြီဟု သ ဘောတူခဲ့သော်လည်း စက်တင် ဘာ ၂၅ ရက်အလွတ်သဘော ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးကော် မရှင်ကိုယ်စားလှယ်အဖွဲ့ကယင်း အချက်များကို ပြန်လည်သုံးသပ် လိုကြောင်း ဆွေးနွေးခဲ့သည်ဟု နိုင်အောင်မငေးက ပြောသည်။
‘‘(၁) ကနေ (၄) အထိက နောက်ကြောင်းပြန်မလှည့်ဘဲ၊ ဆက်မဆွေးနွေးတော့ဘဲ ဒီအ တိုင်းထားလိုက်တော့မယ်ဆိုတဲ့ သဘောထားကျတယ်။ ဒီအလွတ် သဘောဆွေးနွေးပွဲမှာ (၁) ကနေ (၄) အထိ ပြန်သုံးသပ်ချင်တယ်လို့ စကားပြန်ပြောတာပေါ့။ ပြန်ပြင် ဖို့ခက်တယ်။ (၁) ကနေ(၄) အထိ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြထားပြီး အားလုံးကလည်း သဘောထားကျတယ်လေ’’ ဟု ၎င်းကပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သဘောတူထားသည့် အချက်လေးချက်သည် တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးကြေညာရန် ကိစ္စ၊ ပင်လုံစိတ်ဓာတ်နှင့်အညီဒီမို ကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့် အရေးများ၊ အာမခံချက်အပြည့် အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတည်ဆောက် သွားရန်ကိစ္စ၊ နိုင်ငံရေးဆွေးနွေး ပွဲအဆင့်ဆင့်တွင် ပါဝင်မည့်အစု အဖွဲ့များကိစ္စ၊ ၂၁ ရာစုပင်လုံညီ လာခံမှ ထွက်ပေါ်လာသော ဆုံး ဖြတ်ချက်များအပေါ် အခြေခံ၍ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ဥပဒေများရေးဆွဲပြဋ္ဌာန်းရန် ကိစ္စတို့ဖြစ်ကြောင်း UNFC၏ အဆိုပြုမူကြမ်းတွင် ဖော်ပြထားသည်။
UNFC အဆိုပြုချက်ရှစ်ချက် ကို နှစ်ဖက်သဘောတူပြီး ယင်း ရှစ်ချက်နှင့် NCA စာချုပ်ချိတ် ဆက်မှုဥပဒေကြောင်းအရ ခိုင်မာ သည့် အနေအထားရရှိပါက UNFC အဖွဲ့ဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ထိုးမည်ဟု နိုင်အောင်မငေးက ပြောသည်။
UNFC အဖွဲ့ဝင်တိုင်းရင်း သားအဖွဲ့များသည် မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU)နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)တို့ဖြစ် သည်။ SSPP သည် UNFC အဖွဲ့ ၀င်အဖြစ်မှ နုတ်ထွက်ခွင့်တောင်း ထားသည်။
========================
251 / End
NCA လက်မှတ်ထိုးရေး ညှိနှိုင်းမှု အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း ပြုလုပ်ရန် အစိုးရအကြောင်းပြန်ဟု UNFC ပြော
၂ အောက်တိုဘာ ၂၀၁၇ - ၁၅:၃၃
News ID: 857822
တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လက်မှတ်ထိုးနိုင် ရေးညှိနှိုင်းမှု ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှသာ ပြုလုပ်နိုင် မည်ဟု အစိုးရဘက်ကအကြောင်း ပြန်ကြောင်း ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ပြော ကြားသည်။