၉ အောက်တိုဘာ ၂၀၁၇ - ၁၅:၀၁
မွန်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ ထိုင်းနိုင်ငံသားများထံမှ ဘတ်သန်း ၃၀၀ ကျော် လိမ်လည်မှုဖြစ်

မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါအ၀င် အခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံသားတွေဆီကနေ ဘတ်သန်းပေါင်း ၃၀၀ ကျော် လိမ်လည်ခဲ့ တဲ့ သူတွေကို အရေးယူပေးဖို့ နစ်နာဆုံးရှုံးသူတွေက ထိုင်းအထူး မှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကို တိုင်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါအ၀င် အခြားရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံသားတွေဆီကနေ ဘတ်သန်းပေါင်း ၃၀၀ ကျော် လိမ်လည်ခဲ့ တဲ့ သူတွေကို  အရေးယူပေးဖို့ နစ်နာဆုံးရှုံးသူတွေက  ထိုင်းအထူး မှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကို တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က နစ်နာဆုံးရှုံးသူတွေနဲ့ အတူ ဒီကနေ့ မနက် က  ဘန်ကောက် DSI ရုံးချုပ်မှာ သတင်းစာရှင်းပွဲလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသား ဦးကျော်မြင့်ဦး (ထိုင်းအမည် ထိပ်ယိုးထင်းမဟာထွန်း)နဲ့ ထိုင်းနိုင်ငံ ဟတ်ဂျီး ဂရုပ်ဖ်ကုမ္ပဏီ ဥက္ကဋ္ဌ  နန်းဆုဖတ်ထား ကျန်ထရရန်းဆီနဲ့ အဖွဲ့ဝင် ကိုဇင် ခေါ် ဘီးယား သီနားအောင်တို့ဟာ မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါအ၀င် အခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နိုင်တယ်ဆိုပြီး ထိုင်းလူမျိုးတွေဆီကနေ ဘတ်သန်းပေါင်း ၃၀၀ ကျော် လိမ်လည်ခဲ့တယ်လို့ နစ်နာဆုံးရှုံးသူတွေက တိုင်တန်းထားကြောင်း ထိုင်း DSI ဒုညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ဆူရိယာ ဆိင်ဟကမွန်း က သတင်းထောက်တွေကို ပြောပါတယ်။

ဦးကျော်မြင့်ဦး ဆိုသူမှာ သူဟာ မွန်ဘုရင်အဆက်အနွယ်ဖြစ်ပြီး နာမည်ကြီးတက္ကသိုလ်တခု မှ ဒေါက်တာဘွဲ့ရထားကာ မွန်ပြည်နယ်ရှိ အာဏာပိုင်တွေနဲ့ နီးစပ်သူဖြစ်တာကြောင့် လုပ်ပိုင်ခွင့် တွေရှိကြောင်း  စီးပွားရေးမြှုပ်နှံလိုသူတွေ ယုံကြည်အောင်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဟတ်ဂျီးဂရုပ်ဖ် ကုမ္ပဏီကလည်း မြန်မာနိုင်ငံ မွန်ပြည်နယ်မှာ  ရင်းနှီးမြှုပ်နှံလိုသူတွေဆီက တဦးကို ဘတ်ငွေ ၂ သိန်း မှ ၃ သိန်းထိ အစုရှယ်ယာတွေ ကောက်ခံထားပြီး အမြတ်အစွန်းငွေစုစုပေါင်း ဘတ်သန်းပေါင်း ၂၀၀ မှ ၃၀၀ ထိ ပြန်ရနိုင်ကြောင်း မက်လုံးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဟတ်ဂျီးဂရုပ်ဖ်ဟာ သူတို့လုပ်ငန်းအပေါ် လူတွေယုံကြည်အောင် ဒေသတွင်း သတင်းစာမှာ ထည့်သွင်းရေးသားတာ၊ သတင်းစာရှင်းပွဲတွေပါ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာ အယ်ဒီတာမှ လည်းသူတို့ အဖွဲ့ဝင်ဘဲဖြစ်နေတာ စစ်ဆေးတွေ့ရှိရတဲ့အတွက် သတင်းမီဒီယာဥပဒေတွေနဲ့ပါ ငြိစွန်းနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ဟာ ထိုင်းရဲအရာရှိ စစ်တပ်အရာရှိ ဖြစ်လိုသူတွေဆီကနေ ဘတ်ငွေ ၅ သောင်းမှ ၈ သောင်းထိ ကောက်ခံခဲ့တဲ့အမှုလည်း ရှိနေတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ ပြည့်သူ့ဝန်ဆောင်ရေးဖောင်ဒေးရှင်း အမည်ခံပြီးတော့လည်း လှုပ်ရှား ခဲ့ကြောင်း၊ အလိမ်ခံရသူ အများစုဟာ ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ  ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ချွန်းပူးရီးခရိုင်၊ ဆီရားချားမြို့ ဘန့်ဘင်ရပ်ကွက်မှာရှိတဲ့ သူတို့ကုမ္ပဏီကို ၀င်ရောက်စီးနင်းပြီး ထိုင်းလူမျိုး ၂ ဦးဖြစ်တဲ့ နန်းဆုဖ တ်ထား နဲ့ ကိုဇင် ခေါ် ဘီးယား တို့ကို  ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

သူ့ကိုယ်သူ မွန်ဘုရင်အဆက်လို့ပြောတဲ့ ဦးကျော်မြင့်ဦး ဆိုသူကတော့ မြန်မာပြည်ထဲ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ သူ့ကို ဖမ်းဆီးနိုင်ဖို့ မြန်မာနိုင်ငံ အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့  ထိုင်း DSI ဒုညွှန်ချုပ်က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောသွား ပါတယ်။  

========================
251 / End