အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက်အဖွဲ့ ARSA ကို အသိအမှတ်မပြုသဖြင့် စေ့စပ်ညှိနှိုင်းရန်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောကြားသည်။
အောက်တိုဘာ ၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းစင်တာ-၂ ၌ ကျင်းပသည့် ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး တွင် မီဒီယာများ၏ မေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အ ထက်ပါအတိုင်း ဖြေကြားခဲ့သည်။
‘‘သူက အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် ဘယ်အစိုးရအဖွဲ့ ကမှလည်း အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်တာ၊ ညှိနှိုင်းတာမရှိပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို အသိအမှတ်မပြုပါဘူး’’ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ဆိုသည်။
ARSA အဖွဲ့က ရခိုင်ပြည် နယ် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်ဒေသများတွင် အောက်တိုဘာ ၉ ရက်အထိ တစ် လကြာ အပစ်ရပ်မည်ဟု ကြေ ညာထားရာ အဆိုပါကိစ္စနှင့်ပတ် သက်၍ မီဒီယာများက မေးမြန်းခဲ့ ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ ဘက်ကတော့ပုံမှန်ပါပဲ။ ကျွန် တော်တို့ဘက်က သူတို့ အပစ်အ ခတ်ရပ်စဲတာတို့၊ မရပ်စဲတာတို့ ကျွန်တော်တို့ဘက်က ဘာမှ အ သိအမှတ်ပြုထားတာမရှိပါဘူး။ သို့သော် အဖျက်အမှောင့်လုပ် ငန်းဆိုတာတော့ လုပ်ချင်လည်း လုပ်နိုင်တဲ့ အနေအထားတော့ရှိ မယ်လို့ ပြောလို့ရပါတယ်။ ဘာ လို့လဲဆိုတော့ ဧရိယာအကျယ် ကြီးဖြစ်နေတာကိုး။ ဧရိယာအ ကျယ်ကြီးဖြစ်နေတဲ့အခါကျတော့ မမျှော်လင့်တဲ့အခါမှာ အကြမ်းဖက်ဆိုတာကတော့ လုပ်တာပါပဲ’’ဟု ကာကွယ်ရေးဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံ တည်ငြိမ်အေး ချမ်းရေးအတွက် ကာကွယ်ရေး ၀န်ကြီးဌာနသည် ပြည်ထဲရေးဝန် ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နေကြောင်းလည်း ၎င်းက ဆိုသည်။
‘‘ကျွန်တော်တို့မှာ ဒီလောက် မြေအကျယ်မှာ အကြမ်းဖက်လုပ် ရပ် မလုပ်ဘူးလို့တော့ မပြောနိုင် ဘူး။ သို့သော် ထိခိုက်မှုမဖြစ် အောင်တော့ ကျွန်တော်တို့ဘက် က တတ်စွမ်းသမျှ ဆောင်ရွက်နေ ပါတယ်။ မဖြစ်အောင်လည်း ကြိုးစားနေပါတယ်’’ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
========================
251 / End
၁၀ အောက်တိုဘာ ၂၀၁၇ - ၁၄:၅၆
News ID: 859524
အကြမ်းဖက်အဖွဲ့ ARSA ကို အသိအမှတ်မပြုသဖြင့် စေ့စပ်ညှိနှိုင်းရန်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောကြားသည်။