၁၀ အောက်တိုဘာ ၂၀၁၇ - ၁၅:၄၅
NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အောက်တိုဘာ ၉ ရက် က စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အောက်တိုဘာ ၉ ရက် က စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

အစည်းအဝေးကို အောက် တိုဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးသည့်အကြောင်း အရာများကို လတ်တလောပြော ဆိုနိုင်ခြင်းမရှိသေးကြောင်း PPST အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲကပြောသည်။

 အစည်းအဝေးသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုး၊ RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ယွက်ဆစ်တို့ အပါအ၀င် NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ဆွေးနွေးနေသည်။

အောက်တိုဘာ ၁၅ ရက် တွင် ကျရောက်မည့် NCA နှစ်ပတ်လည်အခမ်းအနားမတိုင်မီ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးတစ်ရပ် ကျင်းပရန် NCA လက်မှတ်ထိုးအဖွဲ့များက အစိုးရထံ အဆိုပြုထားသည်။

PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးကိစ္စအပါအ၀င် အစိုးရထံ ၎င်းတို့ အဆိုပြုထားသည့် အချက်များ ဆွေးနွေးရန် ပြည်တွင်းသို့ ရောက်ရှိနေသည်။

 ဗိုလ်မှူးကြီးခွန်ဥက္ကာသည် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်၌ အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ရန် စီစဉ်ထားသည်။

========================
251 / End