အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖမ်းဆီးခံထားရသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အဖွဲ့ဝင်နှစ်ဦး လွတ်မြောက်ရေး နှင့်ပတ်သက်၍ အောက်တိုဘာ ဒုတိယပတ်တွင် ပြုလုပ်မည့် ရှမ်း ပြည်နယ်အဆင့် JMC-S အစည်း အဝေး၌ ဆွေးနွေးတိုက်တွန်းရန် ရှိကြောင်း RCSS အဖွဲ့ဝင်များက ပြောသည်။
‘‘အဖြေတစ်ခုထွက်အောင် ဆွေးနွေးတင်ပြမယ့်သဘောပါ။ ပြန်လွတ်လာနိုင်ဖို့ပေါ့။ အရင်က လည်း အစည်းအဝေးမှာ ကျွန် တော်တို့ တင်ပြထားတာရှိတယ်။ ဖြစ်တာက တြိဂံတိုင်းထဲမှာဆို တော့ JMC-S ဥက္ကဋ္ဌကလည်း ဖြစ်တဲ့ တြိဂံတိုင်းနဲ့ ပြန်ညှိပေးဖို့ သူက အရင်အစည်းအဝေးမှာ ပြောထားတာပေါ့။ ပြန်လွှတ်ပေး ဖို့ အဲဒီလိုပြောထားတာပေါ့။ ဒါ ပေမဲ့ အခုထက်ထိတော့ ဘာမှ အကြောင်းမထူးသေးဘူး’’ဟု ရှမ်း ပြည်နယ် အပစ်ရပ်ပူးတွဲစောင့် ကြည့်ရေးကော်မတီ JMC-S အဖွဲ့ဝင်လည်းဖြစ်သူ RCSS ဒုဗိုလ်မှူးကြီးစိုင်းဦးက အောက် တိုဘာ ၇ ရက်တွင် ပြောသည်။
ရှမ်းပြည်နယ် ပစ်ခတ်တိုက် ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော် မတီ (JMCS-S) အစည်းအဝေး ကို အောက်တိုဘာ ၁၁ ရက်ခန့် တွင် ပြုလုပ်ရန် သတ်မှတ်ထား ကြောင်း ၎င်းကပြောသည်။
ဇူလိုင်လကုန်က မိုင်းပူးလုံ ဒေသ ကျိန်းဟင်ကျေးရွာတွင် RCSS တပ်ဖွဲ့ဝင်နှစ်ဦး အရပ်ဝတ် ဖြင့် ဈေးဝယ်နေစဉ် မိုင်းဆတ်အ ခြေစိုက် တပ်မတော် ခမရ (၅၂၇) မှ စစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ဩဂုတ်က ကျိုင်းတုံစစ် သို့ လွှဲပြောင်းကာ လက်နက်မှု အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲဆိုထားကြောင်း RCSS ကျိုင်း တုံဆက်ဆံရေးရုံးမှ တာဝန်ရှိသူ များက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ရှမ်းပြည်နယ် JMC-S က တပ် မတော်သားကိုယ်စားလှယ်များ သို့ အောက်တိုဘာ ၇ ရက်က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းအဆက်အသွယ်မရခဲ့ပေ။
‘‘ကျွန်တော်တို့က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဆို တော့ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေး နွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ သွားကြဖို့ရှိတယ်ပေါ့’’ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
တပ်မတော်နှင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် RCSS သည် မကြာခဏ ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခြင်းနှင့် အပြန်အလှန် စွပ်စွဲမှုများ ရှိနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် JMC-S အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင် က ပြောသည်။
ရှမ်းပြည်နယ်တွင်း ဖြစ်ပွား ခဲ့သည့် တပ်မတော်နှင့် RCSS အဖွဲ့တို့အကြား ထိတွေ့မှုများ ကြောင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U)မှ စိစစ်အတည်ပြုရေးအဖွဲ့ များကို ယမန်နှစ်ကကွင်းဆင်းစုံ စမ်းရန် စေလွှတ်ခဲ့ သည်။
တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး ပြည်ထောင်စုအ ဆင့် (JMC-U) နှင့် ပြည်နယ်အ ဆင့် (JMC-S) များကို နှစ်ဖက် ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသည်။
========================
251 / End
၁၁ အောက်တိုဘာ ၂၀၁၇ - ၁၉:၂၇
News ID: 859813
ဖမ်းဆီးခံထားရသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အဖွဲ့ဝင်နှစ်ဦး လွတ်မြောက်ရေး နှင့်ပတ်သက်၍ အောက်တိုဘာ ဒုတိယပတ်တွင် ပြုလုပ်မည့် ရှမ်း ပြည်နယ်အဆင့် JMC-S အစည်း အဝေး၌ ဆွေးနွေးတိုက်တွန်းရန် ရှိကြောင်း RCSS အဖွဲ့ဝင်များက ပြောသည်။