၂၁ အောက်တိုဘာ ၂၀၁၇ - ၁၆:၅၄
မြန်မာနှင့် ကမ္ဘောဒီးယားအထူးစီးပွားရေးဇုန်များမှာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်သာ အာမခံချက်ရှိဟုဆို

မြန်မာနှင့် ကမ္ဘောဒီးယား ရှိ အထူးစီးပွားရေးဇုန်များသည် ဒေသခံလူထုအလုပ်သမားများ၏ အကျိုးစီးပွားနှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကို အကာအ ကွယ်ပေးရေးထက် ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်ရန်သာ အာမခံချက်များရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် သည့် ‘မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုး ရင်းမြစ်ထုတ်ယူခြင်းများ’ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနှင့် ကမ္ဘောဒီးယား ရှိ အထူးစီးပွားရေးဇုန်များသည် ဒေသခံလူထုအလုပ်သမားများ၏ အကျိုးစီးပွားနှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကို အကာအ ကွယ်ပေးရေးထက် ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်ရန်သာ အာမခံချက်များရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် သည့် ‘မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုး ရင်းမြစ်ထုတ်ယူခြင်းများ’ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာကို ဘန် ကောက်အခြေစိုက် Focus on the global South အဖွဲ့က မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို တစ်နှစ်တာ အချိန်ယူ၍ သုတေသနပြုခဲ့ သည်။

ထို့အပြင် မြန်မာနှင့် ကမ္ဘော ဒီးယားရှိ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများက ကုန်ထုတ်လုပ်မှုအတွက် မြေယာနှင့် လုပ်သားအင်အားကို အပြိုင်အဆိုင် အသုံးချနေသည်။

အထူးစီးပွားရေးဇုန် (SEZ) များ၏ အုပ်ချုပ်စီမံခန့်ခွဲမှု ဖွဲ့စည်း ပုံတွင် အားနည်းချက်များရှိနေပြီး SEZ များ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲရာ၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု မရှိခြင်းတို့ရှိ နေသော ကြောင့် အထူးစီးပွားရေးဇုန်များ ကို နိုင်ငံရေးနှင့်စီးပွားရေး အခွင့် ထူးခံ လူတန်းစားအနည်းငယ်မှ ထိန်းချုပ်လာသည့် အန္တရာယ် မြင့် တက်လာကြောင်း အစီရင်ခံစာ က ဆိုသည်။

‘‘ရင်းနှီးမြှုပ်နှံသူတွေရဲ့ အ ကျိုးစီးပွားအကာအကွယ်ပေးဖို့ အတွက် ပြည်သူလူထုနဲ့ ပတ်ဝန်း ကျင်အများကြီး ပေးဆပ်နေရတာ ကလည်း တော်တော်ထိတ်လန့် စရာဖြစ်တယ်။ အကျိုးအမြတ် သေချာဆန်းစစ်မှု မလုပ်ဘဲ စီး ပွားရေးဖွံ့ဖြိုးမှု မြှင့်တင်တာကို ဆက်မလုပ်သင့်တော့ဘူး’’ ဟု အဆိုပါ အစီရင်ခံစာအတွက် သုတေသနတွင် ဦးဆောင်ခဲ့သူ Focus on the Global South အမှုဆောင်ဒါရိုက်တာ ရှယ်မာလီ ဂွတ်တယ်က ပြောသည်။

 အထူးစီးပွားရေးဇုန်များ ကြောင့် လက်တွေ့တွင် ပထမဦး ဆုံးထိခိုက်မှုသည် ဒေသခံများ၏ မြေယာနှင့် လုပ်ငန်းများဆုံးရှုံး ပျက်စီးရကြောင်း သုတေသန၌ ပါဝင်သည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ပြောသည်။

‘‘ကမ္ဘောဒီးယားမှာ အထူးစီး ပွားရေးဇုန်ထဲက လုပ်ငန်းရှင်တွေ က လက်နက်ကိုင်အကာအကွယ် နဲ့ နေကြတယ်။ ဒေသခံတွေအ ကျိုးထက် သူတို့က ပိုပြီး သြဇာကြီးလာတယ်’’ဟု ကမ္ဘောဒီးယားမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးက ပြောသည်။

ထို့အပြင် အကြီးစားရင်းနှီး မြှုပ်နှံမှု စီမံကိန်းများသည် ဒေသ အတွင်း ကောင်းမွန်သည့် အကျိုး သက်ရောက်မှုမဖြစ်ထွန်းစေဘဲ ပဋိပက္ခတွေသာ ပိုမိုဖြစ်ပေါ်စေ ပြီး ဒေသဆိုင်ရာ အစိုးရများက ဒေသခံပြည်သူလူထု၏ အသံကို နားမထောင်မည်ကို စိုးရိမ်မိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ ဒေါ်စုစုဆွေက ပြောသည်။ ‘‘ဒီလိုကိစ္စတွေကို အလေး ထားပါတယ်။ နိုင်ငံတကာစံနှုန်း တွေအတိုင်း ဆောင်ရွက်သွားမှာ ပါ။ စံနှုန်းတွေမမီရင် ဘယ်လုပ် ငန်းရှင်မှ လာမှာမဟုတ်ပါဘူး’’ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်သုံးခုရှိပြီး သီလ၀ါအ ထူးစီးပွားရေးဇုန်သည် လုပ်ငန်းစ တင်နေသည်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်သည် လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။ ကမ္ဘောဒီးယား၌ အထူးစီးပွားရေးဇုန် နှစ်ခုရှိသည်။

========================
251 / End