အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် မောင်တောဒေသမှာ လမ်းအရှည်မိုင် ၆၀ လောက်ကို ကနဦးတည်ဆောက်ဖို့ သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့ ၉ ခုကို ကုန်သည်စက်မှုအသင်းချုပ်က ဖွဲ့စည်းထားပြီး လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွှေသံလွင်ဦးကျော်ဝင်းနဲ့ ဒုဥက္ကဋ္ဌအဖြစ် လူငယ်လုပ်ငန်းရှင် မောင်ဝိတ်က တာဝန်ယူထားတာပါ။
လုပ်ငန်းအဖွဲ့ကိုးခုထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက ပထမဆုံး စတင်လုပ်ကိုင်မှာ ဖြစ်ပြီး ရခိုင်ပြည်မောင်တောဒေသမှာ ပဋိပက္ခတွေကြောင့် ရွာပေါင်း ၃၀၀ ဝန်းကျင်ပျက်စီးခဲ့တာကို ပြန်လည်ထူထောင်မှာပါ။
ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အဓိကထူထောင်ရေးလုပ်ငန်းကို ဦးဆောင်မှာဖြစ်ပြီးတော့ နေရပ်ပြန်လာသူတွေကို နေရာချထားပေးဖို့ ရှိနေပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအစည်းအဝေး ဒုတိယအကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ်။
========================
251 / End
၂၅ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၅
News ID: 862585
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် မောင်တောဒေသမှာ လမ်းအရှည်မိုင် ၆၀ လောက်ကို ကနဦးတည်ဆောက်ဖို့ သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။