၂၅ အောက်တိုဘာ ၂၀၁၇ - ၁၉:၁၀
ငါးနှင့် ရေသယံဇာတများကို စစ်ဆေးမှတ်တမ်းတင်ပြီးမှ ပို့ဆောင်ခွင့်ပြုရန် အစိုးရကို လွှတ်တော်တိုက်တွန်း

ငါးနဲ့ ရေသယံဇာတွေကနေ ရသင့်တဲ့အခွန်တွေ ရရှိစေဖို့ ငါးတင်ချ ဆိပ်ကမ်းတွေကနေ စစ်ဆေးပြီးမှ ငါးသယ်လှေတွေနဲ့ ပို့ဆောင်ခွင့်ပြုဖို့ အဆိုနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ငါးနဲ့ ရေသယံဇာတွေကနေ ရသင့်တဲ့အခွန်တွေ ရရှိစေဖို့ ငါးတင်ချ ဆိပ်ကမ်းတွေကနေ စစ်ဆေးပြီးမှ ငါးသယ်လှေတွေနဲ့ ပို့ဆောင်ခွင့်ပြုဖို့ အဆိုနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်း တင်သွင်းတဲ့ မြန်မာနိုင်ငံရဲ့ ငါး လုပ်ငန်းနဲ့ ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ငါးနဲ့ရေသယံဇာတတွေကနေ ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိစေဖို့၊ ရေသယံဇာတတွေ ထိန်းသိမ်းနိုင်အောင် ကမ်းနီးကမ်းဝေးကနေ ဖမ်းဆီးရမိတဲ့ ငါးနဲ့ ရေသယံဇာတ တွေကို စစ်ဆေးရေးဂိတ်တွေရှိတဲ့ ငါးတင်၊ ငါးချဆိပ်ကမ်းတွေပေါ်တက်ပြီး စစ်ဆေးမှတ်တမ်းတင် ပြီးမှ စက်ရုံ သို့မဟုတ် ပြည်ပကို Free On Board(FOB)၊ Cast Insurrances Freight(CIF) လို ငါးသယ်လှေတွေနဲ့ ပို့ ဆောင်ခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်

ဒီအဆိုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ ရက် အမျိုးသားလွှတ်တော်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လုပ်ဆောင်နေတာတွေကိုရှင်းလင်းပြီး အဆိုကို မှတ်တမ်းတင်ဖို့ ပြောပေမယ့် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများတဲ့အတွက် အခုလို အတည်ပြုလိုက်တာပါ။

ငါးတင်ပို့တာတွေမှာ သက်ဆိုင်ရာဌာနတွေကို သတင်းပေးပို့တာ၊ စစ်ဆေးမှုခံယူတာ၊ သက်ဆိုင်ရာ အထောက် အထားတွေ တင်ပြလျှောက်ထားတာတွေမရှိဘဲ တိုက်ရိုက်တင်ပို့နေတာတွေ စစ်ဆေးတွေ့ရှိတာကြောင့် ၁၉၉၆ ခုနှစ်ကစပြီး Free On Board(FOB)စနစ်ကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းငါးဖမ်းရေယာဉ်တွေမှာ VMS(Vessel Monitoring System)စနစ်တပ်ဆင်နိုင်ဖို့ Myanmar Monitoring Control and Surveillance(MMCS) စီမံ ကိန်းကို ပြင်သစ်နိုင်ငံက French Development Agency(AFD)နဲ့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုကို ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။

ဒါ့အပြင် ငါးတင်ငါးချ ဆိပ်ကမ်းကြီးတစ်ခု   တည်ဆောက်ဖို့၊  တနင်္သာရီတိုင်းဒေသကြီးထွက်ကုန် ရေထွက်ပစ္စည်းတွေကို ရန်ကုန်ဈေးကွက်ကို အချိန်မီတင်ပို့နိုင်ဖို့၊ ရေထွက်ပစ္စည်းတွေကို ပြုပြင်မွမ်းမံတဲ့ စက်ရုံတွေ၊ အအေးခန်းစက် ရုံတွေတည်ဆောက်ဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ၀ယ်လိုအားနဲ့ ဈေးနှုန်းကို ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံတကာငါးဈေးကွက်တစ်ခု ဖြစ်ဖို့ စတဲ့ လိုအပ်ချက်တွေ ရှိနေသေးလို့ အချိန်ယူစဉ်းစားရမယ်လို့ ဆိုပါတယ်။

“ဒီအဆိုကို အကောင်အထည်ဖော်ဖို့အတွက် ငွေရေးကြေးရေးလည်းလိုတယ်။ အချိန်လည်းလိုတယ်။ နောက် နည်းပညာပိုင်းလည်း လိုတယ်။ တစ်ဆင့်ပြီး တဆင့်သွားရမှာပေါ့ ” လို့ ဒုဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ ပိုမိုကောင်းမွန်တဲ့ ငါးဖမ်းဆီးတင်ပို့ရောင်းချတဲ့ ယန္တရားတခု ဖြစ်ထွန်းလာဖို့ ထိုင်း-မြန်မာ ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဆောင်ရွက်ပြီးလည်းဖြစ်တယ် လို့ ဆိုပါတယ်။

ဝန်ကြီးဌာနရဲ့ ဖြေရှင်းချက်နဲ့ပတ်သက်ပြီး အဆိုရှင် လွှတ်တော်အမတ်ဦးခင်မျိုးဝင်းက “လုပ်ငန်းရှင်တွေရဲ့ အလုပ်ပဲဖြစ်ပါတယ်။ အစိုးရက စီမံခန့်ခွဲယုံ လောက်ပဲ လိုအပ်တာပါ။ အခက်အခဲကတော့ သိပ်မရှိနိုင်ဘူးလို့ ထင်ပါတယ် ” လို့ ပြောပါတယ်။

၂၀၁၇ အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံငါးသယ်ရေယာဉ်တွေ ထိုင်းကို တင်ပို့ရောင်းချမှု နဲ့ ပတ်သက်ပြီး တင်ပို့တဲ့ရေယာဉ်အမည်၊ ငါးအမျိုးအစား၊ ကုန်ချိန် အရေအတွက်စာရင်းရရှိနိုင်ဖို့ လစဉ်သတင်းအချက်အလက် ဖလှယ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

သြဂုတ် ၂၈ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာလည်း ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခုဖွင့်ဖို့ အဆိုကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မှတ်တမ်းတင်ခိုင်းပေမယ့် မဲခွဲဆုံးဖြတ်ပြီး အဆိုကိုအတည်ပြုထားပါတယ်။

========================
251 / End