၂၇ အောက်တိုဘာ ၂၀၁၇ - ၁၈:၅၃
မိုးကောင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲလို့ အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲလို့ အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းက သိရပါတယ်။

မိုးကောင်းမြို့နယ်၊ လွဲလောအုပ်စု၊ လွဲစွန်းတောင်ကြောပေါ်မှာ ဦးဖိုးမဲ၊ ဖိုးရှမ်း၊ အောင်ချိုဦးတို့ ၃ဦး ပွဲ့လျက်ကောက်ပြီးပြန်လာချိန် လွဲစွန်းရွာ အရှေ့ဘက် ၃ မိုင်လောက်အကွာမှာ တိုက်မိုင်းကွဲပြီး ဦးဖိုးမဲနဲ့ ဖိုးရှမ်းတို့ ၂ဦး ဒဏ်ရာတွေ(မစိုးရိမ်ရ) ရရှိခဲ့လို့ မိုးကောင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံတွေဟာ အခုလို  မိုင်းပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

========================
251 / End