၂၈ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၇
NCA လုပ်ငန်းစဉ်မှ အချက် ၂၁ ချက်ကို ပြန်သုံးသပ်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်တွင် အချက် ၂၁ ချက်ကို ပြန်လည်သုံးသပ်ခဲ့ ပြီး လတ်တလောညှိနှိုင်းဆွေးနွေး ထားမှုကို နှစ်ဖက်ခေါင်းဆောင် များထံ ပြန်လည်တင်ပြမည်ဖြစ် ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုယ်စား လှယ်များက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်တွင် အချက် ၂၁ ချက်ကို ပြန်လည်သုံးသပ်ခဲ့ ပြီး လတ်တလောညှိနှိုင်းဆွေးနွေး ထားမှုကို နှစ်ဖက်ခေါင်းဆောင် များထံ ပြန်လည်တင်ပြမည်ဖြစ် ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုယ်စား လှယ်များက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

၂ နှစ်အတွင်း NCA ပါလုပ် ငန်းစဉ်များ  အကောင်အထည် ဖော်မှုနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ပထမဆုံးအကြိမ်ပူးတွဲပြန် လည် သုံးသပ်ဆွေးနွေးမှုကို အောက်တိုဘာ ၂၅ ရက်ကစတင် ၍ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ မူလက အောက်တိုဘာ ၂၇ ရက် အထိ သုံးရက်ကြာပြုလုပ်ရန် စီစဉ်ထားသော်လည်း နှစ်ရက် သာပြုလုပ်ခဲ့သည်။

‘‘တစ်ဖက်မှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးရှိတယ်။ ဒီအပိုင်းတွေမှာ ဆက်လက်ပြီး တော့ အပြုသဘောပိုပြီးကောင်း မွန်အောင်ဘယ်လိုလုပ်မလဲဆို တာကို အမြင်ချင်းဖလှယ်တယ် ပေါ့၊ သဘောထားတွေ စုစည်း တယ်ပေါ့နော်။ ၂၁ ချက်မှာ ကျွန် တော်တို့ တော်တော်များများသ ဘောထားတွေ အပြန်အလှန်ဖ လှယ်နိုင်ခဲ့တယ်’’ ဟု အစိုးရကိုယ် စားလှယ်ဖြစ်သည့် နိုင်ငံတော်အ တိုင်ပင်ခံရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အချက်အများစုတွင် နှစ် ဖက်သဘောတူညီမှုများ ရှိ ကြောင်းနှင့် ဆွေးနွေးချက်များကို ကျင်းပရန်ရှိသည့်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)အစည်းအ ဝေးနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC)တို့တွင် တင် ပြဆောင်ရွက်မည်ဖြစ်ကာ ဆက် လက်၍ နှစ်ဖက်ထိပ်သီးခေါင်း ဆောင်များတက်ရောက်ရမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)တွင် အတည်ပြုချက် ရယူမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အတည်ပြုပြီးရင် ကျွန် တော်တို့နှစ်ဖက်စလုံးမှာ UPDJC  မှာရော၊ JMC မှာရောဆက်လက် လိုက်နာဆောင်ရွက်သွားဖို့ ဖြစ်ပါ တယ်’’ ဟု ဦးဇော်ဌေးက ပြော ကြားသည်။

 အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်မှ NCA အကောင်အ ထည်ဖော်မှုတွင် စကားလုံးဝေါ ဟာရဆိုင်ရာ အယူအဆရေးရာ ကိစ္စရပ်များအပေါ် နှစ်ဖက်နား လည်ထားမှု၊ အပစ်ရပ်စောင့် ကြည့်ရေးနှင့် နယ်မြေပိုင်းခြား သတ်မှတ်မှုကဲ့သို့ အကောင်အ ထည်ဖော်မှုလုပ်ငန်းစဉ်ပိုင်းဆိုင် ရာ အားနည်းချက်များနှင့် နိုင်ငံ ရေးဆွေးနွေးမှုလုပ်ငန်းအစီအစဉ် ပိုင်းဆိုင်ရာ ကိစ္စရပ်များပါဝင် ကြောင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ NCA အကောင် အထည်ဖော်မှု ပြန်လည်သုံးသပ် ခြင်းဆိုင်ရာ အလုပ်အဖွဲ့ခေါင်း ဆောင်ဦးသံခဲက ပြောသည်။

‘‘ညှိနှိုင်းနိုင်တာရှိတယ်။ မညှိနှိုင်းနိုင်တာရှိတယ်။ အဲဒီ တော့ ညှိနှိုင်းနိုင်တဲ့အရာတွေကို တော့ ဒီအတိုင်းမှတ်ထား။ မညှိ နှိုင်းနိုင်တာတွေကိုလည်း တစ် ဖက်ရဲ့ အမြင်အနေနဲ့ ဒီလိုပဲကျွန် တော်တို့ ယူဆထားတယ်’’ ဟု ဦး သံခဲက ပြောသည်။

ထို့အတူ ဆွေးနွေးမှုများတွင် NCA တွင်ပါဝင်ခြင်းမရှိသော် လည်း အစိုးရနှင့် တစ်ဖွဲ့ချင်းအ ပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲတွင် ချိတ်ဆက်ပါဝင်နိုင်မည့် ပုံစံများ လည်း ညှိနှိုင်းဆွေးနွေးမှု ရှိ ကြောင်း ၎င်းကဆက်လက် ပြော သည်။ ‘‘ဒီနေ့ ဆုံးဖြတ်တဲ့အထဲ မှာ ဒီအခက်အခဲတွေကို ဒီထက် ကျွန်တော်တို့ထက်မြင့်တဲ့ ခေါင်း ဆောင်ကြီးတွေ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့၊ ဆုံးဖြတ်နိုင်တဲ့ခေါင်းဆောင် တွေရဲ့ အမြော်အမြင်ရှိမှုအပေါ် မှာ အများကြီးမူတည်နေတယ်လို့ ကျွန်တော်အလေးအနက်ထား ပြောချင်ပါတယ်’’ ဟု ဦးသံခဲက ဆက်လက်ပြောသည်။

ဆွေးနွေးမှုအခြေအနေနှင့် ဆွေးနွေးချက် အသေးစိတ်ကိုမူ နှစ်ဖက် ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားမှုမရှိပေ။ NCA အကောင်အထည်ဖော်မှုကို သုံးသပ်နိုင်ရန် အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက အောက်တိုဘာ ၁၆ ရက်က နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ စဉ် တင်ပြခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဆွေးနွေးပွဲတွင် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ဘက် မှ ကိုယ်စားလှယ်များနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကဦး သံခဲဦးဆောင်၍ ၁၃ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းခဲ့သည်။ မေလတွင်ကျင်းပသည့် ပင်လုံအစည်းအဝေး၌ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ကဏ္ဍငါးခုမှ အချက် ၃၇ ချက်ရှိသော်လည်းထိုရရှိသည့် အချက်များအပေါ် အစုအဖွဲ့များက မကျေလည်မှုများရှိသဖြင့် ပြန်လည်သုံးသပ်နေသည်။ NCA ကို ၂၀၁၅ အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့လက် မှတ်ရေးထိုးခဲ့သည်။

========================
251 / End