အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့နိုင်ငံရေးတွင် ထောင်ထွက်လူမိုက်များကို အဖွဲ့အစည်းအချို့က ငွေကြေးမက်လုံးများပေး ကာ အသုံးချနေကြောင်း အထွေထွေအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေး (မြန်မာ)အသင်းဥက္ကဋ္ဌ အင်းစိန်အောင်စိုးက ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့ Yangon City Star Hotel ၌ ပြုလုပ်သည့် အဆိုပါ အသင်းဖွဲ့စည်းခြင်း မိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် အထက် ပါအတိုင်း ၎င်းက ပြောသည်။
အဆိုပါအဖွဲ့ကို တရားဝင် မှတ်ပုံတင်ရန် ပြည်ထဲရေးဝန်ကြီး ဌာနသို့ ပြီးခဲ့သည့် စက်တင်ဘာလ က တင်ပြထားကြောင်း အဖွဲ့အ တွင်းရေးမှူး ဒေါ်အိချယ်ရီအောင် ကပြောသည်။
‘‘ခုတ်ရဲထစ်ရဲ သတ်ရဲဖြတ်ရဲ တဲ့သူ၊ ငွေပေးရင် ဘာမဆိုလုပ် မယ်ဆိုတဲ့သူတွေကို တစ်ဖက်အ ဖွဲ့အစည်းတွေက စည်းရုံးပြီးတော့ကိုနိုင်ငံလင်းကို ဓားနဲ့ခုတ်တာ ဘယ်သူတွေလဲ၊ ဘုန်းကြီးရဟန်း၊ ကျောင်းသူကျောင်းသားတွေ၊ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့ တာ ဘယ်သူတွေလဲ၊ စွမ်းအား ရှင်တွေ၊ ထောင်ထွက်တွေ။ ဦးကို နီကို လုပ်ကြံတာ ဘယ်သူတွေလဲ၊ ထောင်ထွက်တွေပဲ။ တို့နိုင်ငံမှာ ငွေပေးရင် ဘာမဆိုလုပ်မယ်ဆို သူတွေက အများကြီးရှိတယ်’’ဟု ၎င်းက ပြောသည်။
အထွေထွေ အကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက် ရေး(မြန်မာ)အနေဖြင့် ယင်းသို့ ထောင်ထွက်လူမိုက်များကို ၎င်း တို့အဖွဲ့အစည်းများ၏ ကိုယ်ကျိုး စီးပွားအတွက် အသုံးချခံရခြင်းမှ အတိုင်းအတာတစ်ခုအထိ ဟန့် တားကာကွယ်နိုင်ရန် ရည်ရွယ်၍ အဆိုပါအသင်းကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း အင်းစိန်အောင်စိုးက ဆိုသည်။
နိုင်ငံရေးယုံကြည်ချက်များ ဖြင့် ထောင်ဒဏ်ကျခံရသူများဖြစ် သော နိုင်ငံရေးအကျဉ်းသား ဟောင်းများကို ကူညီစောင့်ရှောက် ပေးသည့် အသင်းအဖွဲ့များရှိ သော်လည်း အထွေထွေအကျဉ်း သားဟောင်းများကို ကူညီပေး သည့် အဖွဲ့များမရှိဘဲ ထောင် ထွက်လူမိုက်များ၏ ဘဝသည် ပတ်ဝန်းကျင်တွင် အပယ်ခံဘဝ ဖြင့် သိမ်ငယ်စွာ နေထိုင်ရကာယင်းစိတ်ကပင် ပြစ်မှုထပ်မံကျူး လွန်စေရန် တွန်းအားပေးနေသကဲ့ သို့ဖြစ်နေသည်ဟု ကိုယ်တိုင်နှစ် ပေါင်းများစွာ ထောင်တွင်းအ ထွေထွေအကျဉ်းသားအဖြစ် ကျင်လည်ခဲ့ဖူးသူ ဦးအောင်စိုးက ဆို သည်။
ထို့ကြောင့် အသင်းအနေဖြင့် ငွေကြေးများဖြင့် လူမျိုး၊ ဘာသာ၊ကျား/မ မရွေး ခေတ်အဆက် ဆက်ပတ်ဝန်းကျင်တွင် အပယ်ခံ ဘဝများဖြင့် နေထိုင်ခဲ့ရသော အထွေထွေအကျဉ်းသားထောင် ထွက်များကို လူ့အဖွဲ့အစည်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားပေးမှုများအပြင် ကောင်းမွန်သော အသက်မွေးမှုဖြင့် ဘဝကို ပြန် လည်ထူထောင်နိုင်ရန် ငွေကြေး များလည်း ကူညီထောက်ပံ့ပေး မည်ဟု ၎င်းက ဆက်လက် ပြော သည်။
ထို့အပြင် အသက်မွေးမှုအ တတ်ပညာသင်တန်းများ အခမဲ့ သင်ကြားနိုင်ရန် စီစဉ်ပေးခြင်း၊ အလုပ်အကိုင်များရှာဖွေပေးခြင်း အပြင် အိမ်တွင်း အသေးစားလုပ် ငန်းများလုပ်ကိုင်နိုင်ရန်လည်း အရင်းအနှီးမတည်ငွေများကိုလည်း တတ်အားသမျှ ကူညီမည်ဖြစ်ပြီး ရာဇဝတ်မှု ထပ်မံကျူးလွန်ပါက ကူညီမှု ရပ်ဆိုင်းမည်ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ လမ်းကြောင်းမှန်ပေါ် ပြန်လျှောက်လိုသော အထွေထွေ အကျဉ်းသားဟောင်း ထောင် ထွက်များကို ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးခြင်းအားဖြင့် နိုင်ငံနှင့်ပြည်သူများအကြားတွင်လည်း ရာဇဝတ်မှုများ လျော့ပါးလာမည် ဖြစ်ပြီး ထောင်ထွက်လူဆိုးလူမိုက် တစ်ဦး ထောင်ထဲပြန်ဝင်လာတိုင်း ၎င်းနှင့်အတူ အမှုတွဲတွင် လူ ငယ်လူမိုက်အသစ်များ ပါဝင် လာခြင်းမှလည်း ကာကွယ်ပေးပြီး သားဖြစ်မည်ဟု ဦးအောင်စိုးက ဆိုသည်။
ဦးအောင်စိုးသည် ဒီချုပ်ဗဟို ဥပဒေအကြံပေး တရားလွှတ် တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှု တွင် နောက်ကွယ်မှ စေခိုင်းသူ များကို အဓိကဖော်ထုတ်ပေးခဲ့ သူတစ်ဦးဖြစ်ပြီး ၎င်းသည် လု ယက်မှု ရှစ်မှု ကျူးလွန်သည့်အ တွက် ထောင်ဒဏ် ၅၈ နှစ်ချမှတ် ခံရကာ ၁၉၉၆ မှစ၍ အင်းစိန် ထောင်၊ မန္တလေးထောင်၊ မြင်းခြံ ထောင်နှင့် နောင်ချိုရဲဘက်စခန်း တို့တွင် ပြစ်ဒဏ်များအသီးသီး ကျခံခဲ့ရပြီးနောက် ၁၇ နှစ်နှင့် သုံး လအကြာ ၂၀၁၄ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
========================
251 / End
၂၉ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၂
News ID: 863358
မြန်မာ့နိုင်ငံရေးတွင် ထောင်ထွက်လူမိုက်များကို အဖွဲ့အစည်းအချို့က ငွေကြေးမက်လုံးများပေး ကာ အသုံးချနေကြောင်း အထွေထွေအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေး (မြန်မာ)အသင်းဥက္ကဋ္ဌ အင်းစိန်အောင်စိုးက ပြောကြားသည်။