အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ်နေမှုကို နိုင်ငံရေးလှုပ်ရှားမှုအဖြစ် သဘော ထားခွင့်ပြုပေးထားသော်လည်း မြှောက်ပေးခြင်းမရှိကြောင်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။
‘‘သာမန်နိုင်ငံရေးလှုပ်ရှားမှု ပဲ သဘောထားခွင့်ပြုပေးထားပါ တယ်။ မြှောက်တော့မပေးဘူး’’ ဟု ဦးဝင်းထိန်က ပြောသည်။
အောက်တိုဘာ ၂၉ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သော ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အ စည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဦးဝင်းထိန်က အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။
ဘာသာပေါင်းစုံဆုတောင်း ပွဲများကို တိုင်းနှင့်ပြည်နယ် အဆင့်များတွင် ပြုလုပ်ရန် အဖွဲ့ချုပ်က ခွင့်ပြုပေးထားသည်ဟု ဦးဝင်း ထိန်က အတည်ပြုသည်။
‘‘အဲဒီလိုလုပ်တဲ့အခါမှာ လည်း မိန့်ခွန်းတွေ ဘာတွေပြော စရာမလိုဘူး။ ဗုဒ္ဓဘာသာဆို လည်း ဗုဒ္ဓဘာသာအတိုင်းဆု တောင်း၊ မွတ်စလင်ဆိုလည်း မွတ်စလင်ဘာသာအတိုင်း ဆု တောင်း၊ ဟိန္ဒူဆိုလည်း စသဖြင့် ဆုတောင်းကြ။ တချို့က စင်ပေါ် တက်ကြတဲ့အခါမှာ မိုက်ကိုင်စိတ် ပြောင်းသွားပြီး ပေါက်ကရတွေ ပြောတဲ့သူတွေရှိတယ်။ ဆု တောင်းပါလို့ ပြောတဲ့အခါမှာ ချော်တောငေါ့ပြီးတော့ ပြောကြ တာတွေ ရှိတာပေါ့’’ ဟု ဦးဝင်း ထိန်က ဆိုသည်။
ယင်းကဲ့သို့ ပြောဆိုဟော ပြောမှုများအပေါ် ပါတီအနေဖြင့် အရေးယူရန်ရှိ၊ မရှိ မေးမြန်းရာ ဘာသာရေးနှင့် နိုင်ငံရေးအရ ထိ ခိုက်မှုမရှိသဖြင့် အရေးယူရန်မရှိ ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။
နိုင်ငံအနှံ့အပြားရှိ မြို့နယ် များတွင် ဘာသာပေါင်းစုံဆု တောင်းပွဲများနှင့်အတူ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောက်ခံသော လူထု ထောက်ခံပွဲများလည်း တစ်ဆက် တစ်စပ်တည်း ကျင်းပခဲ့သည်။
လတ်တလောတွင် စဥ့်ကိုင် မြို့နယ်အတွင်း ကျင်းပခဲ့သော ဘာသာပေါင်းစုံဆုတောင်းပွဲတွင် အစ္စလာမ်ဘာသာဝင် ခေါင်း ဆောင်များက ထိုင်ခုံဖြင့် ထိုင်နေ ပြီး ကိုရင်ငယ်လေးများက အောက်တွင် ထိုင်နေသည့် ဓာတ်ပုံ လူမှုကွန်ရက်၌ ပျံ့နှံ့ကာ ဝေဖန် မှုများ ကြုံတွေ့ခဲ့ပြီးနောက်ပွဲစီစဉ် သူ စဥ့်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြန်လည်တောင်းပန်ခဲ့သည်။
========================
251 / End
၃၀ အောက်တိုဘာ ၂၀၁၇ - ၁၉:၄၉
News ID: 863579
ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ပြုလုပ်နေမှုကို နိုင်ငံရေးလှုပ်ရှားမှုအဖြစ် သဘော ထားခွင့်ပြုပေးထားသော်လည်း မြှောက်ပေးခြင်းမရှိကြောင်း အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။