၃၁ အောက်တိုဘာ ၂၀၁၇ - ၂၀:၁၆
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ကုလခန့်အပ်

အောက်တိုဘာ ၃၁ ။ ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်နဲ့အတူ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် ထမ်းဆောင်ဖို့ နော်ဝေနိုင်ငံသား Mr. Knut Ostby ကို ကုလသမဂ္ဂက အောက်တိုဘာ ၃၁ ရက်မှာ ရွေးချယ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အောက်တိုဘာ ၃၁ ။              ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်နဲ့အတူ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ် ထမ်းဆောင်ဖို့ နော်ဝေနိုင်ငံသား Mr. Knut Ostby ကို ကုလသမဂ္ဂက အောက်တိုဘာ ၃၁ ရက်မှာ ရွေးချယ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

မူလက ယင်းတာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လေးနှစ်တာနီးပါး သက်တမ်းပြည့်မြောက်သွားခဲ့တဲ့ Renata Lok-Dessallien နေရာမှာ Mr. Knut Ostby ကို အစားထိုး ခန့်အပ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဘင်္ဂါလီ အကျပ်အတည်းပြဿနာမှာ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဝေဖန်နေကြချိန်မှာ ကုလသမဂ္ဂဘက်က မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု ကဏ္ဍကို တာဝန်ယူမယ့်သူနေရာကို ယခုလိုအသစ်ပြောင်းလဲခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။ ယခု အသစ်ခန့်အပ်ခံခဲ့ရတဲ့ Ostby ကတော့ အာဖဂန်နစ္စတန်နဲ့ အရှေ့တီမောတို့အပါအ၀င် ကုလအတွက် အခန်းကဏ္ဍ များစွာ တာဝန်ယူပေးခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေပြန်ခေါ်ခြင်းခံရတဲ့ Lok-Dessallien အပေါ် ရခိုင်အရေးနဲ့ပတ်သက်ပြီး စွပ်စွဲမှု အချို့ ရှိခဲ့တာကို တွေ့ရပြီး  မောင်တောဒေသကိုသွားရောက်လေ့လာဖို့ စီစဉ်တဲ့ ကုလသမ္မဂ တာဝန်ရှိသူတွေကို မသွားရောက်စေဖို့ Lok-Dessallien က ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာပါ။

========================
251 / End