၃၁ အောက်တိုဘာ ၂၀၁၇ - ၂၀:၁၈
မထိပါးရဲသည့်နိုင်ငံ ဖြစ်လာစေရေး ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစြု

နိုင်ငံတကာအလယ် တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင်များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက် ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတကာအလယ် တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင်များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက် ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ် စားလှယ်များဖြင့် စုဖွဲ့ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အ စည်းအဝေးကို အောက်တိုဘာ ၃၀ ရက်က နေပြည်တော်၌ ကျင်း ပရာ အစည်းအဝေးအဖွင့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ  ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခု ကဲ့သို့ ပြောကြားသည်။

‘‘ယနေ့ကလေးသူငယ်များ ကြီးပြင်းလာတဲ့အချိန် နောင်လာ မယ့် ကာလမှာ မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ မြင့်မြင့် မားမားရပ်တည်နိုင်ပြီး ဘယ်သူ ကမှ မထိပါးမစော်ကားရဲတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေဖို့ ဒီကနေ့ ခေါင်းဆောင်များက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးကို လက် ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်း ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ လက် ဆင့်ကမ်းပေးကြပါ’’ ဟု UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်စေမည့် နိုင်ငံ ရေးသဘောတူညီချက်များ ရရှိမှ သာ လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းမည်ဖြစ်၍ လက်ရှိခေါင်း ဆောင်များအနေဖြင့် မျိုးဆက် သစ်များအား ပြည်ထောင်စုငြိမ်း ချမ်းရေး လက်ဆင့်ကမ်းပေးနိုင် ရေး ကြိုးစားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း သည်။

မြန်မာနိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်များအတွက် ဖက်ဒ ရယ်ဆိုင်ရာ အခြေခံမူများ ချမှတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ရန် ဒေါ်အောင်ဆန်းစုကြည် ကဆက်လက်ပြောကြားသည်။

‘‘ကျွန်မတို့အခုလုပ်ရမယ့် လုပ်ငန်းတွေကို ပြောရမယ်ဆိုရင် ဒီနေ့ကနေ အခုကနေစပြီးတော့ နောင်နှစ် ၂၀၁၈ ခုနှစ်အထိ အချိန်ကာလအတွင်းမှာ ဖက်ဒရယ်ဆိုင် ရာ အခြေခံမူများကို အခြေခံအုတ် မြစ်အနေဖြင့် ချမှတ်နိုင်ရေး ရည် မှန်းချက်ထား၍ ကြိုးပမ်းဆောင် ရွက်သွားဖို့ ကျွန်မတို့လိုပါတယ်။ ဒီရည်မှန်းချက်ပြည့်ဝအောင်မြင် မှသာ မြန်မာနိုင်ငံရဲ့ နောက်မျိုး ဆက်သစ်တွေရဲ့ အနာဂတ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများ ချမှတ်ခြင်းကို ၂၀၁၈ အတွင်း ပြီး ပြတ်အောင် ရည်မှန်းချက်ထား၍ ဦးတည်ကြိုးပမ်းဆောင်ရွက်ပေး ရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။

ဖက်ဒရယ်ဆိုင်ရာအခြေခံမူ များတွင် ပြည်ထောင်စုနှင့် ပြည် နယ်များအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အ ကောက်ခွဲဝေမှုစသည့် အချက် များ ပါဝင်သည်။ အဆိုပါဖက်ဒ ရယ်ဆိုင်ရာ အခြေခံမူများကို လာ မည့် ငြိမ်းချမ်းရေး ညီလာခံသုံး ကြိမ် (ယခုနှစ်ကုန်မှ ၂၀၁၈ နှစ် ကုန်အတွင်း ကျင်းပမည့် ငြိမ်းချမ်း ရေးညီလာခံသုံးကြိမ်) အတွင်း ပြီး ပြတ်စွာ သဘောတူညီချက် ချမှတ်နိုင်သည်အထိ ကြိုးပမ်းရန်ဒေါ် အောင်ဆန်းစုကြည်က NCA လက်မှတ်ထိုးခြင်း (၂) နှစ်ပြည့် နှစ်ပတ် လည်နေ့ အခမ်းအနားတွင်လည်း တိုက်တွန်းခဲ့သည်။

ထို့အပြင် ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး သည် နိုင်ငံရေးသဘောတူညီချက် များ ရရှိရေး အပေါ်မူတည်နေသ ကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မည်ဖြစ် ရာ UPDJC သည် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတွင် ရှိနေ ကြောင်း ၎င်းကဆိုသည်။

 နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ရေး အချိန်လုံလောက် မှု၊ အကျေအလည်ဆွေးနွေးမှု၊ ပါဝင်သူအားလုံး အပြန်အလှန် ယုံကြည်မှုတို့ အရေးကြီးသကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာများလည်း အရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့အပြင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေး UPDJC အဖွဲ့ဝင် များက တစ်ဖက်တစ်လမ်းမှ အ တတ်နိုင်ဆုံး ကူညီပံ့ပိုးပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသည်။

‘‘ကျွန်မတို့ရဲ့တာဝန်က ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ကို တိုးတိုးတိုးတိုးပြီး သွားအောင်လုပ် ဖို့ပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည် က UPDJC ကိုယ်စားလှယ်များ အား ပြောသည်။

UPDJC အစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၃၁) တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

========================
251 / End