အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ် အပါအဝင် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရမယ့် အခြေခံညွှန်းကိန်းပေါင်း ၁၆၀ ကျော်ပါဝင်တဲ့ ညွှန်းကိန်းအစီရင်ခံစာကို ဒီကနေ့ ရန်ကုန်မြို့ Park Royal မှာ ထုတ်ပြန်ပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆိုင်ရာ အခြေခံနှစ် ညွှန်းကိန်းအစီရင်ခံစာမှာ မြန်မာ အပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေအတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အချက်တွေ အပါအဝင် လုပ်ဆောင်ရမယ့် အခြေခံပန်းတိုင် ၁၇ ချက် ပါဝင်ပြီး ညွှန်းကိန်းပေါင်း ၂၃၀ ကျော် ပါဝင်ပါတယ်။
ဒီအစီရင်ခံစာဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ထိ ရေရှည်ဆောင်ရွက်ရမယ့် အစီအစဉ်ဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အထောက်အပံ့နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ မြန်မာပြည်မှာ ဒီအစီအစဉ်ကို ၂၀၁၆ က စတင်ဆောင်ရွက်နေပြီး သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ဝန်ကြီး ဌာနပေါင်း ၆၇ ခု ပူးပေါင်းပါဝင် ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီအစီအစဉ်ကို အမျိုးသားဘက်စုံစီမံကိန်း၊ ဒေသန္တရနဲ့ ကဏ္ဍအလိုက် စီမံကိန်းတွေ ဆောင်ရွက်နေပြီး သတ်မှတ်ထားတဲ့ ညွှန်းကိန်းတွေအလိုက် ဆောင်ရွက်ဖို့အတွက် နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
========================
251 / End
၁ နိုဝင်ဘာ ၂၀၁၇ - ၁၈:၄၂
News ID: 863993
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ် အပါအဝင် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရမယ့် အခြေခံညွှန်းကိန်းပေါင်း ၁၆၀ ကျော်ပါဝင်တဲ့ ညွှန်းကိန်းအစီရင်ခံစာကို ဒီကနေ့ ရန်ကုန်မြို့ Park Royal မှာ ထုတ်ပြန်ပါတယ်။