၄ နိုဝင်ဘာ ၂၀၁၇ - ၁၅:၅၅
၂၁ ပင်လုံအကြို လူထုတွေ့ဆုံပွဲများကို တိုင်းဒေသကြီးခုနစ်ခုတွင် ABSDF ပြုလုပ်မည်

တိုင်းဒေသကြီး ခုနစ်ခု တွင် ၂၁ ရာစု ပင်လုံတတိယအ စည်းအဝေး အကြိုလူထုတွေ့ဆုံ ပွဲ ပြုလုပ်မည်ဖြစ်ရာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည်များ အဓိကဆွေးနွေး မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်းယော အောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းဒေသကြီး ခုနစ်ခု တွင် ၂၁ ရာစု ပင်လုံတတိယအ စည်းအဝေး အကြိုလူထုတွေ့ဆုံ ပွဲ ပြုလုပ်မည်ဖြစ်ရာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည်များ အဓိကဆွေးနွေး မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်းယော အောင်က ပြောသည်။

ကရင်၊ ကချင်နှင့် မွန် စသည့်တိုင်းရင်းသားအဖွဲ့အစည်းများ၏ နယ်မြေအတွင်း အခြေပြုသည့် ABSDF သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ကန့်သတ်ချက်ရှိ၍ နိုင်ငံရေးဆွေး နွေးပွဲများကို အထောက်အကူဖြစ် စေရန် တိုင်းဒေသကြီးခုနစ်ခုတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်း ဖြစ်သည်။

‘‘ဖက်ဒရယ်က အရေးကြီး တယ်။ နိုင်ငံရေးကိစ္စပြေလည် သွားပြီဆိုရင် ကျန်တဲ့ကိစ္စက သူ့ အလိုလို ပြေလည်သွားနိုင်တယ်။ ပြည်သူလူထုအကြားမှာ ဖက် ဒရယ်အကြောင်း ပိုပြီးနားလည် အောင်ပေါ့။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ အာဏာခွဲဝေရေးဖြစ် တယ်။ တိုင်းရင်းသားတွေအနေနဲ့ လည်း ဒီလိုမျိုး အာဏာရှိသင့် တယ်ဆိုတဲ့ဟာမျိုး ပညာပေးလုပ် မှာ’’ဟု ဆလိုင်းယောအောင်က ပြောသည်။

ABSDF အနေဖြင့် မေလက ကျင်းပသည့် ၂၁ ရာစု ပင်လုံညီ လာခံကို ဒုတိယအစည်းအဝေး မတိုင်မီ တိုင်းဒေသကြီးခုနစ်ခုရှိ ရန်ကုန်၊ ပုသိမ်၊ မကွေး၊ ထား ဝယ်၊ ပြည်၊ မန္တလေး၊ မုံရွာမြို့တို့ တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ သည်။

လူထုတွေ့ဆုံပွဲကို ယခင် ကျင်းပသည့် မြို့များတွင် ကျင်းပ မည်မဟုတ်ဘဲ အခြားမြို့များကို ရွေးချယ်မည်ဖြစ်ကြောင်း ဆလိုင်းယောအောင်က ပြောသည်။ ယင်းအတွက် ABSDF ဗဟိုကော်မတီ အစည်းအဝေးကို မကြာမီကျင်းပမည်ဟု ၎င်းကဆိုသည်။

၂၁ ရာစု ပင်လုံတတိယအ စည်းအဝေးကို ယခုနှစ် ဒီဇင်ဘာ တွင် ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေး၌ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးဆိုင် ရာအပါအဝင် နိုင်ငံရေးကဏ္ဍကို အထူးဦးစားပေးဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ထားသည်။ အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော UPDJC အစည်းအ ဝေးကို အောက်တိုဘာ ၃၀၊ ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့ သည်။

UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲ ဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု စသည်တို့အပါ အဝင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ များကို ၂၀၁၈ တွင် အပြီးသတ်ချမှတ်နိုင်ရန်တိုက်တွန်းထားသည်။

========================
251 / End