၅ နိုဝင်ဘာ ၂၀၁၇ - ၁၅:၅၄
ရင့်ကျက်သည့်ဒီမိုကရေစီဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးစားပေးရန် ဦးဖြိုးမင်းသိန်းတိုက်တွန်း

ဒီမိုကရေစီခေတ် တွင် အခြားသူများထိခိုက်နစ်နာမှု မရှိစေရန် ဂရုပြုပြောဆိုပြီး မြန်မာနိုင်ငံ၌ ရင့်ကျက်သည့် ဒီမို ကရေစီစနစ်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးစားပေးရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီမိုကရေစီခေတ် တွင် အခြားသူများထိခိုက်နစ်နာမှု မရှိစေရန် ဂရုပြုပြောဆိုပြီး မြန်မာနိုင်ငံ၌ ရင့်ကျက်သည့် ဒီမို ကရေစီစနစ်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးစားပေးရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရတို့ ပူး ပေါင်းပြီး နိုဝင်ဘာ ၄ ရက်က ရန် ကုန်တက္ကသိုလ်၌ ကျင်းပသည့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြော ကြားကြောင်း ပြန်ကြားရေးဝန် ကြီးဌာန၏ သတင်းဖော်ပြချက်၌ ပါရှိသည်။

လက်ရှိအချိန်သည် ပြည်သူ အားလုံးက နိုင်ငံ၏လိုအပ်ချက် ကို ပြောဆိုနိုင်သည့် အခွင့်အလမ်း များရှိနေကြောင်း ဦးဖြိုးမင်း သိန်းက ပြောကြားပြီး မြို့နယ် အသီးသီးရှိ ပြည်သူလူထုအကြား တွင် ပြည်သူ့စကားဝိုင်း၊ ပြည်သူ့ အသံများမှတစ်ဆင့် မြန်မာနိုင်ငံ ၌ ရင့်ကျက်သည့် ဒီမိုကရေစီ စနစ် ဖြစ်ထွန်းစေရေး ဝိုင်းဝန်း ကြိုးပမ်းရန် တိုက်တွန်းသည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဒီမိုကရေစီ၏ အနှစ် သာရသည် လွတ်လပ်ခွင့်ဖြစ် ပြီး မိမိတို့၏သဘောထားအမြင် ကို လွတ်လပ်စွာ ထုတ်ဖော်ပြော ကြားနိုင်ကြောင်းနှင့် ယင်းလွတ် လပ်ခွင့်ကို ကျင့်သုံးစေချင် ကြောင်း ပြောကြားသည်။

အဆိုပါပြည်သူ့စကားဝိုင်း ကို နိုဝင်ဘာ  ၅ ရက်တွင် လူငယ် နှင့် အလုပ်အကိုင်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် ဆက်လက်ပြုလုပ် မည်ဖြစ်သည်။

ပြည်သူ့စကားဝိုင်းများကို ၂၀၁၇ အောက်တိုဘာက ရန်ကုန် တိုင်း ကော့မှူးမြို့နယ်၊ မန္တလေး တိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ်တို့၌ ကျင်းပခဲ့သည်။

========================
251 / End