၁၁ နိုဝင်ဘာ ၂၀၁၇ - ၁၈:၂၉
မြန်မာလုပ်သားများအပေါ် အဂတိလိုက်စားသော ရဲတပ်ဖွဲ့နှင့်ပွဲစားများကို ထိရောက်စွာအရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများအပေါ် ရဲတပ်ဖွဲ့ဝင်များ နှင့် ပွဲစားများအဂတိလိုက်စားပါ က ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်ကြားရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မြန်မာသံအမတ်ကြီး အား ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများအပေါ် ရဲတပ်ဖွဲ့ဝင်များ နှင့် ပွဲစားများအဂတိလိုက်စားပါ က ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်ရေး တိုင်ကြားရန်  ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မြန်မာသံအမတ်ကြီး အား ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ထိုင်း နိုင်ငံဝန်ကြီးများရုံးတွင် ၀န်ကြီး ချုပ်ပရာယွတ်ချန်အိုချာနှင့် သွား ရောက်တွေ့ဆုံစဉ် အထက်ပါအ  တိုင်း ပြောကြားခဲ့ကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအ မတ်ကြီးဦးမျိုးမြင့်သန်းက 7Day Daily သတင်းစာအားပြောသည်။

‘‘အဂတိလိုက်စားမှုတွေ ရှိ ရင်ပြောပါတဲ့။ သူ(ပရာယွတ်)ထိ ထိရောက်ရောက်အရေးယူပေးပါ မယ်တဲ့။ အဂတိလိုက်စားမှုနဲ့ပတ် သက်ပြီးတော့ မြန်မာလုပ်သား တွေအပေါ် ပွဲစားတွေရော၊ရဲတပ်ဖွဲ့ဝင်တွေရောပေါ့။ အဲဒီလိုမျိုးရှိ ရင် ပြောပါ၊ အရေးယူပေးပါမယ် တဲ့။ မြန်မာဘက်ကလည်းဆောင် ရွက်ပေးပါလို့ ပြောတယ်’’ ဟု သံ အမတ်ကြီးဦးမျိုးမြင့်သန်းကပြောကြားသည်။

ထိုင်းနိုင်ငံ နေရာအများအ ပြားတွင် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI)ပြုလုပ်နေသူများထံမှ ငွေ တောင်းခံနေသော ပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန်ကြီး ချုပ်ပရာယွတ်က စက်တင်ဘာ ၂၆ ရက်၌ ညွှန်ကြားထားသည်။

CIလက်မှတ်ပြုလုပ်နေသော မြန်မာလုပ်သားများကို မြန်မာနှင့် ထိုင်းနိုင်ငံသားပွဲစားများက CIစခန်း အတွင်း ၀င်ခွင့်နှင့်ပြုလုပ်ခများ အဆမတန်တောင်းခံနေကြောင်း တိုင်ကြားမှုများ ဖြစ်ပေါ်နေသော ကြောင့် ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်က ညွှန်ကြားခြင်းဖြစ်သည်။

အောက်တိုဘာလဆန်းက မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံတွင် အလုပ်ပေးမည်ဟု ဆိုကာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU)ဖြင့် လိမ်လည်ခေါ်ဆောင် သော ထိုင်းနိုင်ငံသားပွဲစားတစ်ဦး ကို မြ၀တီမြို့၌ဖမ်းဆီးထားသည်။

ထို့အပြင် ထိုင်းရောက် တရားမ၀င်လုပ်သားများနှင့်ပတ် သက်၍ အသစ်ထုတ်ပြန်ထား သည့် နည်းဥပဒေကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားရာ ရက်ပြည့် တော့မည်ဖြစ်၍ သက်တမ်းထပ်မံ တိုးပေးရန် တောင်းဆိုခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

ထိုရက်များအတွင်း ဖမ်းဆီး မှုများပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းအစိုးရကပြောဆိုထားသည်။ ဆိုင်းငံ့ထားသောရက်သည် လာ မည့်ဒီဇင်ဘာ ၃ ရက်တွင် ပြည့် မည်ဖြစ်သည်။

တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းအစိုးရက ဇွန်လ ၂၀ ရက် တွင် ဥပဒေထုတ်ပြန်ပြီးနောက် တရားမ၀င်နေထိုင်သော မြန်မာ လုပ်သားများအပါအ၀င်နိုင်ငံခြားသားများကို ဇွန်လ ၂၂ ရက်က စတင်ဖမ်းဆီးသည်။

========================
251 / End