၁၆ နိုဝင်ဘာ ၂၀၁၇ - ၁၅:၀၉
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဥာဏ်ဝင်းအား ခန့်အပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။ ။ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။          ။ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးဥာဏ်ဝင်းကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

ဥက္ကဋ္ဌအဖြစ် ဦးဥာဏ်ဝင်းအား  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ခန့်အပ်လိုက်ခြင်းဖြစ်ပြီး စုစုပေါင်း ၁၃ ဦး ပါဝင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၆ ) ရက်စွဲဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ NLD အာဏာရချိန်တွင် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက “ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရမယ် သတ်မှတ်ချက်နဲ့ညီရင်အကူအညီပေးရမှာပေါ့ ပါတီနောက်ခံနဲ့ သိပ်တော့မဆိုင်ဘူးပေါ့ ”  ဟု ပြောဆိုသည်။

ဆင်းရဲနွမ်းပါးပြီး ငွေကြေးမတတ်နိုင်သူများနှင့် မသန်စွမ်းသူများအပြင် ဥပဒေအရ အကူအညီလိုအပ်နေသူများ အား ကူညီပေးခြင်းကဲ့သို့သောလုပ်ငန်းများနှင့် ဥပဒေပညာပေးခြင်းများလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အခြားအိမ်နီးချင်းနိုင်ငံများတွင် ထိုအဖွဲ့မျိုး တည်ရှိနေသည်မှာ ကြာပြီ ဖြစ်ကြောင်းလည်း ဦးကျော်ဟိုးက ဆိုသည်။

“ ကျွန်တော်တို့နိုင်ငံမှာ အခုမှစတာ။ ငွေရေးကြေးရေးမတတ်နိုင်လို့ ဥပဒေအကြံဥာဏ်မရတဲ့သူတွေကို ကျွန်တော်တို့ က အထောက်အကူပေးရမှာ။ ဥပဒေအကြံပေးပေါ့။ နောက်ပြီး ဥပဒေ ပညာပေးတွေလည်း လုပ်ပေးရမယ်။အဲ့တာမှ ဥပဒေရေးရာကိစ္စ၊ တရားစီရင်ရေးကိစ္စတွေမှာ တန်းတူအခွင့်အရေးနဲ့ တရားမျှတမှု ရမှာပေါ့ ”  ဟု ၄င်းက ပြောသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ ၏သက်တမ်းမှာ ဥပဒေအရ စတင်ဖွဲ့စည်းသည့်နေ့မှ စ၍ ၅ နှစ်ဖြစ်ကြောင်း သိရပြီး  အဆိုပါ ဥပဒေအထောက်အကူပေးရေး အဖွဲ့သည် အမျိုးသားဒီမိုကရေစီ (NLD) အစိုးရအပြင် နောက်တက်မည့်အစိုးရ လက်ထက်အထိ တည်ရှိနေမည့်သဘောလည်း ဖြစ်သည်။

========================
251 / End