အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ၄၀ ကျော်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၇ ၊ နံနက် ၄ နာရီ မှစတင်ပြီး ဟာဘီ ကျေးရွာအုပ်စု၊ ဟာဘီအနောက်ရွာ၊ ဟာဘီအလယ်ရွာနဲ့ ဟာဘီအရှေ့ရွာအတွင်း ရှောင်တခင် စစ်ဆေးစဉ်မှာ မသင်္ကာသူ ၃၈ ဦးအား တွေ့ရှိခေါ်ယူမေးမြန်းစစ်ဆေးချက်အရ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ မိုဟာမက်ဂျာဝိစ် ပါ ၁၉ ဦးနဲ့ အိစ္စမိုင်ပါ ၁၉ ဦးတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)(ဈ) ဖြင့် အမှုဖွင့် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မောင်တောမြို့နယ် ဂေါ်ဒူသာရ အနောက်ရွာနဲ့ ဂေါ်ဒူသာရ ချောင်းဝကြားအနီးမှာ နိုဝင်ဘာ ၁၁ ရက်က မာမတ်ဟာရုံ ပါ ၂၀ ဦးကို တွေ့ရှိ ဖမ်းဆီးစစ်ဆေးမေးမြန်းရာမှာ အကြမ်းဖက်မှုမှာပါဝင်တဲ့ မာမတ်ကော်ဘီ(၃၈)နှစ်ပါ ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကျန် ၁၆ ဦးကိုတော့ ဆက်လက်စစ်ဆေးနေတာလို့ဆိုပါတယ်။
========================
251 / End
၁၇ နိုဝင်ဘာ ၂၀၁၇ - ၁၅:၂၁
News ID: 867410
သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ၄၀ ကျော်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။