၂၂ နိုဝင်ဘာ ၂၀၁၇ - ၁၆:၃၅
တပ်ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဦးဆောင်သော မြန် မာ့တပ်မတော်ကိုယ်စားလှယ်အ ဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး စဉ်ထွက်ခွာသွားကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဦးဆောင်သော မြန် မာ့တပ်မတော်ကိုယ်စားလှယ်အ ဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး စဉ်ထွက်ခွာသွားကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော် မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာ နစစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ သွား ရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်  တရုတ်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ၊ စက်ရုံ များနှင့် အထင်ကရနေရာများသို့ သွားရောက်မည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တရုတ်ခရီးစဉ်မတိုင် မီက တရုတ်နိုင်ငံခြားရေးဝန်ကြီး သည် မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်တွေ့ဆုံခဲ့သည်။

 ထို့ပြင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးသည် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်အကြားဆက်ဆံရေး၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးအတွက် တရုတ် နိုင်ငံမှ ကူညီပေးမည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ရခိုင် အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာကလည်း တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်တွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်စစ်ဦးစီးတို့ တွေ့ဆုံကာ မြန် မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသအရေးနှင့် တပ်မ တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့သည်။ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခေါင်းဆောင်များ၊ တရုတ်နိုင်ငံကိုယ်စားလှယ်များ ၏ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများ အရေးကိစ္စများကို အဓိကထားထည့်သွင်းဆွေးနွေး လေ့ရှိသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့(KIA) အပါအ၀င် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် မြန်မာအစိုးရ နှင့် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို အခြေခံပြီး ဆောင်ရွက်နေသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်သေး ခြင်းမရှိပေ။

NCA မထိုးဘဲ နိုင်ငံရေးဆွေး နွေးမည်ဆိုသည့် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့၏ မူဝါဒကို အစိုးရက လက်မခံ၍ ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည့် တွေ့ဆုံ ဆွေးနွေးမှုများလည်း ဖြစ်ပေါ်ခြင်း မရှိသေးပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စား လှယ်မစ္စတာဆွန်ကော်ရှန်းသည် နိုဝင်ဘာ ၉ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့ကို ခေါ်ယူတွေ့ ဆုံပြီး မြန်မာအစိုးရက ဆောင် ရွက်နေသည့် NCA တွင်ပါဝင် လက်မှတ်ထိုးရန်နှင့် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရန် တိုက်တွန်းထားသည်။

========================
251 / End