၂၅ နိုဝင်ဘာ ၂၀၁၇ - ၁၇:၀၇
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ဥရောပကုန်သည်အသင်းချုပ်တို့ ကုန်သွယ်မှုမြှင့်တင်ရန် လက်မှတ်ထိုး

မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂကုန်သည်အသင်းချုပ် (Eurocham) တို့ ကုန်သွယ်မှုမြှင့်တင်ရေး နားလည်မှု စာချွန်လွှာကို နိုဝင်ဘာ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂကုန်သည်အသင်းချုပ် (Eurocham)  တို့ ကုန်သွယ်မှုမြှင့်တင်ရေး နားလည်မှု စာချွန်လွှာကို နိုဝင်ဘာ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။

ထိုသို့လက်မှတ်ရေးထိုးနိုင် ခြင်းကြောင့် ၂၈ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂနိုင်ငံများက မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထပ်လောင်းဖော်ပြခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

‘‘အခုလို အကျပ်အတည်း ဖြစ်နေချိန်မှာ လက်မှတ်ရေးထိုး ခြင်းက ဥရောပနိုင်ငံတွေက မြန် မာနဲ့ ပူးပေါင်းဆောင်ရွက်ချင် တယ်ဆိုတာ ပြသတာပါ။ နိုင်ငံ ရေးအရ အရေးပါတယ်။ စီးပွား ရေးအရလည်း အရေးပါတဲ့ လက် မှတ်ရေးထိုးမှုပါ’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

ထိုသို့ဥရောပ ၂၈ နိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာလက်မှတ်ရေး ထိုးမှုကို ၂၀၁၃ ခန့်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့မှသာ လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂကုန်သည်အ သင်းချုပ်၊ အမှုဆောင်ဒါရိုက်တာ Mr. Filip Lauwerysen က ယခု လက်မှတ်ရေးထိုးခြင်းသည် ပထမအဆင့် နှစ်ဦးနှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန် ရေးထိုးခြင်းဖြစ် သည်ဟု အဆိုပါလက်မှတ်ရေး ထိုးပွဲတွင် ပြောသည်။ ထို့ပြင် ၎င်းက ဥရောပကုမ္ပဏီများနှင့် အစိုးရ ၀န်ကြီး ဌာနများ မည်ကဲ့သို့ ပူး ပေါင်းဆောင်ရွက်မည်ကို လက် မှတ်ရေးထိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အခက်အခဲများကို ကူညီရန်ဖြစ်သည်ဟုဆိုသည်။

လက်ရှိတွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်မှုကန်ဒေါ်လာ ၁ဒသမ၅ ဘီလီယံရှိပြီး အဓိကအားဖြင့် မြန်မာနိုင်ငံမှ အထည်ချုပ်၊ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများတင်ပို့နေသည်။ အခြားကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ရန် အစိုးရက စီစဉ်နေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအ ခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအ နေများနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဥရောပကုမ္ပဏီများက သဘောထားထုတ်ပြန်ရန်ရှိကြောင်း Mr. Filip Lauwerysen ကပြောသည်။

ထို့ပြင် ဥရောပသမဂ္ဂ ကုန်သည်များအသင်းချုပ်သည် မြန်မာနိုင်ငံကဲ့သို့ စစ်အာဏာရှင်စနစ်မှ အသွင်ပြောင်းလဲလာသည့် နိုင်ငံများတွင် စီးပွားရေး လုပ်ကိုင်ဖူးသည့် အတွေ့အကြုံ များရှိသည်။  ထို့ကြောင့် ရခိုင်ပြည်နယ်အရေးကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို နားလည်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ (Myantrade) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး ၂၀၁၆ ဧပြီက စတင်ဖွဲ့စည်းခြင်း ဖြစ်သည်။

========================
251 / End