အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၂ ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၄ ရက်မနက်က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယကရှေ့မှောက် ကတိသစ္စာ ပြုခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် အပါအဝင် ကော်မရှင်အဖွဲ့ဝင်တွေ ကတိသစ္စာပြုခဲ့ကြတာပါ။
ခုလို ပြည်ထောင်စုဝန်ကြီးသစ်တွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ခန့်အပ်ဖို့ကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က သဘောတူညီမှုရခဲ့သလို နိုင်ငံတော်သမ္မတရုံးကလည်း တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့စွဲနဲ့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားပါတယ်။
========================
251 / End
၂၅ နိုဝင်ဘာ ၂၀၁၇ - ၁၈:၀၁
News ID: 869057
အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၂ ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၄ ရက်မနက်က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယကရှေ့မှောက် ကတိသစ္စာ ပြုခဲ့ပါတယ်။