၂၇ နိုဝင်ဘာ ၂၀၁၇ - ၁၆:၅၄
ပါတီညီလာခံအပြီး တရုတ်သမ္မတ ပထမဆုံး လက်ခံတွေ့ဆုံသည့် ပြည်ပတပ်မတော်ခေါင်းဆောင်အဖြစ် တပ်ချုပ်မှတ်တမ်းဝင်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ တရုတ်နိုင်ငံချစ် ကြည်ရေးခရီးစဉ်အတွင်း တရုတ် နိုင်ငံသမ္မတ စီကျင်းပင်နှင့် တွေ့ ဆုံခဲ့ရာ (၁၉)ကြိမ်မြောက်တရုတ် ကွန်မြူနစ်ပါတီ ညီလာခံအပြီး တွင် ပထမဦးဆုံး လက်ခံတွေ့ဆုံ သည့် ပြည်ပတပ်မတော်ခေါင်း ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ တရုတ်နိုင်ငံချစ် ကြည်ရေးခရီးစဉ်အတွင်း တရုတ် နိုင်ငံသမ္မတ စီကျင်းပင်နှင့် တွေ့ ဆုံခဲ့ရာ (၁၉)ကြိမ်မြောက်တရုတ် ကွန်မြူနစ်ပါတီ ညီလာခံအပြီး တွင် ပထမဦးဆုံး လက်ခံတွေ့ဆုံ သည့် ပြည်ပတပ်မတော်ခေါင်း ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ တရုတ်နိုင်ငံချစ် ကြည်ရေးခရီးစဉ်အတွင်း တရုတ် နိုင်ငံသမ္မတ စီကျင်းပင်နှင့် တွေ့ ဆုံခဲ့ရာ (၁၉)ကြိမ်မြောက်တရုတ် ကွန်မြူနစ်ပါတီ ညီလာခံအပြီး တွင် ပထမဦးဆုံး လက်ခံတွေ့ဆုံ သည့် ပြည်ပတပ်မတော်ခေါင်း ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ ခြောက် ရက်ကြာသွားရောက်ခဲ့သည့် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ချစ် ကြည်ရေးခရီးစဉ်နှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ရာ တွင် ထိုသို့ဖော်ပြထားသည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုဝင်ဘာ ၂၄ ရက် တွင် သမ္မတစီကျင်းပင်နှင့်တွေ့ဆုံ ခဲ့ရာ သမ္မတစီကျင်းပင်က ပါတီ ညီလာခံအပြီး၌ ပထမဆုံး လာ ရောက်သည့် ပြည်ပတပ်မတော် ခေါင်းဆောင်ဖြစ်၍ အလေးထား ကြောင်း ပြောကြားသည်။

ငါးနှစ်တစ်ကြိမ်ကျင်းပလေ့ ရှိသည့် တရုတ်ကွန်မြူနစ်ပါတီညီ လာခံကို (၁၉)ကြိမ်မြောက်အဖြစ် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ပြီး သမ္မတစီကျင်းပင်သည် ပါတီအ ထွေထွေအတွင်းရေးမှူးနှင့် ဗဟို စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံ ရွေးချယ်တင်မြှောက်ခြင်းခံရ သည်။

သမ္မတစီကျင်းပင်နှင့် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အရေး အပါအ၀င် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရန် တပ်မ တော်နှစ်ရပ်အကြား တွေ့ဆုံဆွေး နွေးမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေး ဆောင်ရွက်နေမှုကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပဋိပက္ခသည် မြန်မာ နိုင်ငံအတွက်သာ မဟုတ်ဘဲ အိမ် နီးချင်းနိုင်ငံများနှင့် ဒေသတွင်း လုံခြုံရေးကိုပါ စိုးရိမ်ရနိုင်သည့် အလားအလာရှိ၍ အဘက်ဘက် မှ စဉ်းစားသုံးသပ်ကာ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က သမ္မတစီ ကျင်းပင်အား ပြောကြားခဲ့သည် ဟု ယင်းသတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခရီးစဉ်အတွင်း တရုတ်စစ်ဘက်ထိပ်တန်းခေါင်း ဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

 ထို့အပြင် ကွမ်ကျိုးမြို့ရှိ ကြည်းတပ် အထူးစစ်ဆင်ရေး သင်တန်းကျောင်း၊ ရှန်ကျန်းမြို့ရှိ Shenzhen Lotus Hill Park နှင့် Shenzhen Museum နှင့် ယိချန်း မြို့အနီးရှိ Three Gorges ရေကာ တာသို့ သွားရောက်လေ့လာခဲ့ သည်။

ယင်းခရီးစဉ်နှင့် ပတ်သက် ၍ တပ်မတော်က သတင်းထုတ် ပြန်ရာတွင် ‘နှစ်နိုင်ငံဆက်ဆံရေး နှင့် တပ်မတော်နှစ်ရပ်အကြား ပူး ပေါင်းဆောင်ရွက်မှုအတွက် အ ရေးပါသော အောင်မြင်မှုများနှင့် ချစ်ကြည်ရေးခရီးစဉ်’ဟု သုံးနှုန်း ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် Three Gorges ရေ ကာတာသို့ လာရောက်ကြည့်ရှု လေ့လာသည့် ပထမဆုံး ပြည်ပ တပ်မတော်ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဖော်ပြ ထားသည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ယမန်နေ့ ညနေက ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိခဲ့သည်။

========================
251 / End