အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။
ဂျပန်နိုင်ငံ အောက်လွှတ် တော်ဥက္ကဋ္ဌ H.E.Mr.Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွား ရောက်ခြင်းဖြစ်သည်။
‘‘ဥက္ကဋ္ဌကြီးသွားတာဟုတ် တယ်။ ဘယ်နှရက်ကြာမယ်ဆို တာတော့ မသိပါဘူး’’ဟု အင်းစိန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးမောင်မောင်ဦးက ပြေသာည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ဂျပန်နိုင်ငံ ခရီးစဉ်တွင် ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ တိုင်းရင်းသားရေးရာနှင့် ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ဦးအင် ထုံးခါးနော်ဆမ်၊ အစိုးရ၏ အာမ ခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင်ဦးထွန်းထွန်း၊ နိုင်ငံသား များ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သူရဦးသက်ဆွေတို့ လိုက် ပါသွားကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
‘‘ဂျပန်နိုင်ငံကနေပြီးတော့ ဥက္ကဋ္ဌကြီးကို ခေါ်နေတာကြာပြီ။ တခြားလုပ်ငန်းတွေ ရှိနေတော့ အခုမှသွားဖြစ်တာ။ နိုင်ငံတကာ ရဲ့ လွှတ်တော်တွေကို လေ့လာပြီး တော့ မြန်မာနိုင်ငံလွှတ်တော်ရဲ့ လိုအပ်ချက်တွေ ဖြည့်တင်းဖို့ အတွက် ပိုမိုဆောင်ရွက်နိုင်မှာ ပေါ့’’ဟု ပြည်သူ့လွှတ်တော် နိုင်ငံ တကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ၂၀၁၇ အတွင်း ကျင်းပသည့် လွှတ်တော်အစည်း အဝေးများ ရပ်နားစဉ် ဗြိတိန် နိုင်ငံနှင့် တရုတ်နိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ်များ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံခရီးစဉ်သည် ယခုနှစ် အတွင်း၎င်း၏ တတိယအကြိမ် မြောက် ပြည်ပခရီးစဉ်ဖြစ်သည်။
========================
251 / End
၃ ဒီဇင်ဘာ ၂၀၁၇ - ၁၉:၅၅
News ID: 870802
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်ညက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသည်။ ဂျပန်နိုင်ငံ အောက်လွှတ် တော်ဥက္ကဋ္ဌ H.E.Mr.Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွား ရောက်ခြင်းဖြစ်သည်။