၁၀ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၁၅
ကုန်ဈေးနှုန်းကြီးခြင်းနှင့်ပတ်သက်၍ အစိုးရအပေါ် အပြစ်တင်နေခြင်းကို စီးကူးဒုဝန်ကြီး မေးခွန်းထုတ်

ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အစိုးရအပေါ် အပြစ်တင်နေ ခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက မေးခွန်းထုတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အစိုးရအပေါ် အပြစ်တင်နေ ခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက မေးခွန်းထုတ်ခဲ့သည်။

‘‘သတင်းစာတွေ၊ စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျွန်တော်သဘောမပေါက်တာ တစ်ခုရှိတယ်။ ဈေးကွက်စီးပွားရေးစနစ် ကူးပြောင်းနေပြီ။ ဒါပေမဲ့ လူတွေ က အစိုးရကိုပဲ ဘာကြောင့် အပြစ်တင်နေရတာလဲ။ ကုန်ဈေးနှုန်း တက်တာ၊ တစ်ခုခုဖြစ်တာနဲ့ ဟာ အစိုးရ အစိုးရ၊ ဒါဟာ ကျွန်တော် တို့ရဲ့ mind set က မပြောင်းလဲ ဘူးဆိုတဲ့သဘောဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရမဟုတ် ဘူး။ ဈေးကွက်ကို လွှမ်းမိုးထား တာ ဝယ်လိုအားနဲ့ ရောင်းလိုအား လို့ ခေါ်တဲ့ ဈေးကွက်အင်အားစု တွေပဲ ဖြစ်ပါတယ်’’ဟု စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် သည့် ဒီဇင်ဘာ ၉ ရက်က ပြုလုပ် သောကုန်သည်စက်မှုအသင်းချုပ် ညီလာခံအဖွင့်မိန့်ခွန်းတွင် ဦး အောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံး နေသည့် ပိုမိုလွတ်လပ်သည့် ဈေး ကွက်စီးပွားရေးစနစ်၌ ထိုကဲ့သို့ ပြစ်တင်ပြောဆိုခြင်းသည် ထိန်းချုပ်မှုများသည့် စီးပွားရေးစနစ်၏ အတွေးအခေါ်များကို ပြောင်းလဲ နိုင်ခြင်းမရှိခြင်းကြောင့်ဟု ၎င်းက ပြောသည်။

ဈေးကွက်စီးပွားရေးစနစ် တွင် အစိုးရ၏တာဝန်သည် ဝယ် လိုအားနှင့် ရောင်းလိုအားမျှတ ရန် ဆောင်ရွက်ပေးရေးသာ ဖြစ် ကြောင်း ၎င်းက ဆိုသည်။

သို့သော် အစိုးရမူဝါဒနှင့် ကုန်ဈေးနှုန်းအတက်အကျ ဆက် စပ်မှုရှိကြောင်း စီးပွားရေးပညာ ရှင်နှင့် လုပ်ငန်းရှင်များက သုံး သပ်မှုရှိသည်။  

‘‘အစိုးရကို အပြစ်မြင်နေ တာမဟုတ်ဘူး။ သူတို့က လက် တွေ့နဲ့ ကင်းကွာသွားတယ်လို့ တော့ ထင်ပါတယ်’’ဟု ရွှေလင် ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

အခြေခံ စားသောက်ကုန် ဖြစ်သည့် ကန်စွန်းရွက်တစ်စည်း ပင် တစ်ကြိမ်ဈေးတက်ပါက မူလတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ဈေးမြင့် တက်လေ့ ရှိကြောင်း ၎င်းက ဆိုသည်။ ကျပ် ၂၀၀ တန် ကန်စွန်းရွက်တစ်စည်း လျှင် တစ်ကြိမ်ဈေးမြင့်တက်ပါက ၁၀ ရာခိုင်နှုန်း ကျပ် ၂၂၀ သို့ မြင့်တက်ခြင်းမရှိဘဲ ငွေအကြွေရှား ပါးမှုကြောင့် ကျပ် ၂၅၀ မှ ကျပ် ၃၀၀ သို့ ဈေးမြင့်တက်လေ့ရှိ ကြောင်း ဦးနေလင်းဇင်က ပြော သည်။

ထို့အပြင် အခြေခံအဆောက် အအုံပိုင်းဖြစ်သော သယ်ယူပို့ ဆောင်ရေးစရိတ်ကြီးမားခြင်းက လည်း ကုန်ဈေးနှုန်းမြင့်တက်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သယ်ယူပို့ဆောင် စရိတ် သည် ထိုင်းနိုင်ငံတွင် ဆန်တစ် တန်လျှင် ကန်ဒေါ်လာ ၂၅ မှ ၃၀ အတွင်း ရှိနေချိန် မြန်မာနိုင်ငံ၌ ဒေါ်လာ ၇၀ မှ ၈၀ အတွင်း ကုန် ကျကြောင်း ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းများအ တွက် ငွေကြေးအရင်းအနှီးကို ဘဏ်များမှ ရယူနေရခြင်းကြောင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်း များ၏တန်ဖိုးကို ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းပေါင်းထည့်ရောင်း ချရသဖြင့် စားသုံးသူများအတွက် ဈေးနှုန်းကြီးမြင့်မှု ဖြစ်စေကြောင်း ဦးနေလင်းဇင်က သူ၏အမြင်ကို ပြောသည်။

‘‘ကုန်ဈေးနှုန်းမြင့်တက်ပြီး ပြည်သူတွေ ဆင်းရဲပြီး အခက်အခဲဖြစ်ရင် ဈေးကွက်စီးပွားရေးဖြစ်ပါ စေ အစိုးရအနေနဲ့ နည်းလမ်းရှာ ပြီး ပါဝင်သင့်ပါတယ်’’ဟု စီးပွား ရေးပညာရှင် ဦးလှမောင်က ပြော သည်။

ဈေးကွက် စီးပွားရေးစနစ် သည် အရင်းရှင်စီးပွားရေးစနစ် တွင် အခန်းကဏ္ဍတစ်ခုအဖြစ် သာ ပါဝင်သဖြင့် အခက်အခဲကြုံ တွေ့ပါက သီအိုရီအရ ဆောင် ရွက်ခြင်းထက် လက်တွေ့ပိုင်း ပါဝင်သင့်ကြောင်း ဦးလှမောင် က ပြောသည်။

လူတစ်ဦး၏တစ်ရက်ဝင်ငွေ ကျပ် ၃,၆၀၀ သတ်မှတ်ထားသော မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်းက စီးပွားရေးကဏ္ဍ၏ ကျဆင်းမှုပြယုဂ်တစ်ခု ဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကြား လူတစ်ဦးချင်း ဝင်ငွေအနိမ့် ဆုံးဖြစ်နေသော နိုင်ငံတွင် ကုန် ဈေးနှုန်းကြီးနေခြင်းက အစိုးရ၏ စီးပွားရေးမူဝါဒများ လိုအပ်ချက် ရှိနေခြင်းကြောင့်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံတွင် လူတစ်ဦး ၏တစ်နှစ်ဝင်ငွေသည် ကန်ဒေါ် လာ ၁,၂၉၇ ခန့်ရှိပြီး ကမ္ဘောဒီး ယားနိုင်ငံက ကန်ဒေါ်လာ ၁,၂၆၆၊ ထိုင်းနိုင်ငံက ကန်ဒေါ်လာ ၆,၀၀၀ ခန့်ရှိနေသည်။

========================
251 / End