၁၂ ဒီဇင်ဘာ ၂၀၁၇ - ၁၈:၁၉
စစ်ကိုင်းတိုင်းဒေသကြီး၏ စာကြည့်တိုက်ဥပဒေ လွှတ်တော်အတည်ပြု ပြဌာန်း

ဒီဇင်ဘာလ ၁၂ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးရဲက စာကြည့်တိုက် ဥပဒေကို လွှတ်တော်က အတည်ပြုပြဌာန်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီဇင်ဘာလ ၁၂ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးရဲက စာကြည့်တိုက် ဥပဒေကို လွှတ်တော်က အတည်ပြုပြဌာန်းလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းဝေးမှာ ဘုတလင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း က တင်သွင်းခဲ့တာပါ။

“စာကြည့်တိုက်ဥပဒေက ပြီးခဲ့တဲ့ ၅ နှစ်ကလည်းပြဌာန်းပြီးသား။ ဒါပေမယ့် အဲဒီတုန်း ကတော့ စာကြည့်တိုက်ရယ်၊ ပြတိုက် ဥပဒေဆိုပြီးတော့ တွဲပြီးတော့ ပြဌာန်းခဲ့တာပေါ့။ ဒါပေမယ့် အနှစ်သာရပိုင်းမှာ ၁၉၆၃ ဥပဒေကို အခြေခံထားတယ်။ အဲဒီဟာမှာက စာကြည့်တိုက်တွေ ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့အပိုင်းမှာ တော်တော်အားနည်းတယ်။ စာကြည့်တိုက် ဖွင့်ချင်တိုင်း ဖွင့်လို့မရဘူး။ အစိုးရခွင့်မပြုရင် ထောင် ၇ နှစ်ထိ ကျခံရနိုင်တယ်။ ဖိနှိပ်ထားတဲ့အပိုင်းတွေ တော်တော်များတယ်။ အဲတာတွေကြောင့် နိုင်ငံတကာက အောင်မြင်နေတဲ့ စာကြည့်တိုက် ဥပဒေတွေကိုလေ့လာ၊ ပညာရှင်တွေနဲ့တိုင်ပင်ပြီး စာကြည့်တိုက်တွေဖွံ့ဖြိုးအောင်လို့ ရည်ရွယ်ပြီး တင်ပြခဲ့တာပါ။”လို့ ဒေါက်တာကျော်ဇေလင်းက ဒီဗွီဘီကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စာကြည့်တိုက်ပေါင်း ၆ထောင်ကျော်ရှိပြီး တကယ်တမ်း အသက်ဝင်တာကတော့ ၆၀၀ ဝန်ကျင်ပဲရှိတယ်လို့လည်းဆိုပါတယ်။

အခုအတည်ပြုလိုက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စာကြည့်တိုက်များ ဥပဒေနဲ့ပတ်သက်ပြီး ကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က ဥပဒေမှာပါဝင်တဲ့ စကားလုံး စာသားတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့တာပါ။

အခုပြဌာန်းလိုက်တဲ့ စာကြည့်တိုက်ဥပဒေမှာ ညစ်ညမ်းစာပေတွေ၊ ဘာသာရေး ဆိုင်ရာတွေ၊ တိုင်းရင်းသားလူမျိုးတစ်မျိုးနဲ့တစ်မျိုးထိခိုက်စေမယ့် အကြောင်းအရာတွေကို ကန့်သတ်ထိန်းချုပ်တာကလွဲရင် လမ်းဘေးစာအုပ်ဆိုင်ကနေ၊ ဖတ်ပြီးပြန်ထားစာကြည့်တိုက်၊ ရွှေ့လျားစာကြည့်တိုက်တွေအထိ ကိုယ့်မူနဲ့ကိုယ်ထားရှိနိုင်ပြီး တကယ်လုပ်ဆောင်မှု အပေါ်ကြည့်ကာ အစိုးရအနေနဲ့လည်း စာကြည့်တိုက်တွေဖွံ့ဖြိုးဖို့ လိုအပ်တဲ့အထောက်အပံ့တွေ ကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဥပဒေကို တိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးနှင့် ပြည်နယ်များလွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်းအစိုးရကို နည်းဥပဒေတွေပေါ်ထွက်လာစေရေးအတွက် အခွင့်အာဏာလည်းပေးအပ်ခဲ့ပါတယ်။

========================
251 / End