၁၆ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၀၉
ဒုတိယအကြိမ် လွှတ်တော်သက်တမ်း လက်ရှိအချိန်အထိ အဆိုထက်ဝက်ကျော် မှတ်တမ်းတင်ထား

လက်ရှိ ပြည်သူ့လွှတ်တော်သက် တမ်းအတွင်း နောက်ဆုံးကျင်းပ ထားသည့် ဆဋ္ဌမပုံမှန်အစည်းအ ဝေးပြီးချိန်အထိ တင်သွင်းခဲ့သော အဆို ၇၅ ခုအနက် ၃၁ ခုသာ အတည်ပြုခဲ့ပြီး ထက်ဝက်ကျော် မှတ်တမ်းတင်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လက်ရှိ ပြည်သူ့လွှတ်တော်သက် တမ်းအတွင်း နောက်ဆုံးကျင်းပ ထားသည့် ဆဋ္ဌမပုံမှန်အစည်းအ ဝေးပြီးချိန်အထိ တင်သွင်းခဲ့သော အဆို ၇၅ ခုအနက် ၃၁ ခုသာ အတည်ပြုခဲ့ပြီး ထက်ဝက်ကျော် မှတ်တမ်းတင်ထားသည်။

ပြည်သူ့လွှတ်တော်က အဆို နှင့် မေးခွန်းများ ပြီးစီးဆောင်ရွက် မှုအခြေအနေနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာရာ အဆို ၇၅ ခုအနက် ၃၁ ခုသာ အတည်ပြုနိုင်ပြီး ၃၉ ခု မှတ်တမ်းတင်ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ကိုယ်စားလှယ်များ လွှမ်းမိုးသည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လက်ရှိ အချိန်အထိ အတည်မပြုသည့် အဆိုသည် သုံးခုသာရှိပြီး ပြန် လည်ရုပ်သိမ်းသည့် အဆိုတစ်ခု နှင့် ဆက်လက်ဆွေးနွေးရန် မသင့် သည့် အဆိုတစ်ခုရှိသည်။

ပုံမှန်အစည်းအဝေးတွင် အ ဆို ၁၁ ခုအတည်ပြုခဲ့ပြီး ၁၂ ခု မှတ်တမ်းတင်ခဲ့သည်။ ထူးခြား ချက်မှာ တတိယအကြိမ် ပုံမှန် အစည်းအဝေးတွင် အဆိုခြောက် ခုတင်သွင်းရာ ခြောက်ခုစလုံးကို မှတ်တမ်းတင်ထားသည်။ နောက် ဆုံးကျင်းပထားသည့် ဆဋ္ဌမအ ကြိမ်ပုံမှန်အစည်းအဝေးတွင် တင် သွင်းသော အဆိုခုနစ်ခုအနက် လေးခုကို အတည်ပြုပြီး သုံးခု မှတ်တမ်းတင်ထားသည်။

လက်ရှိ လွှတ်တော်သက် တမ်းတွင် ပြဋ္ဌာန်းသင့်၊ ပြဋ္ဌာန်း ထိုက်သော ဥပဒေများ ပြုလုပ်နိုင်ခဲ့ ကြောင်းနှင့် အချို့မေးခွန်းမေးမြန်း မှုများ အားမရသော်လည်း ယေဘုယျခြုံငုံသုံးသပ်ပါက လွှတ်တော် ၏စွမ်းဆောင်ရည်ကို ကျေနပ် အားရကြောင်း လွှတ်တော်အခွင့် အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက မှတ်ချက်ပြု ပြောကြားသည်။

‘‘မေးခွန်းတွေနဲ့ပတ်သက်ပြီး အချိန်ကြာမြင့်တာရှိတယ်။ ဒါပေ မဲ့ Session (ပုံမှန်အစည်းအဝေး) တစ်ခုတစ်ခုမှာ မေးခွန်းမေးမြန်း ချိန်က တစ်နာရီပဲဆိုတော့ မေးခွန်းခြောက်ခု၊ ခုနစ်ခုထက် မပိုဘူး လေ။ အဲဒီတော့ အကြိမ်တစ်ကြိမ် မှာဆိုရင် မေးခွန်းပေါင်းက လေး ရာလောက်တက်လာတော့ တချို့ ဟာတွေမှာ အချိန်မီ မပြီးတာတွေ ရှိပါတယ်။ တချို့ကိုယ်စားလှယ် တွေက ကျေနပ်တာရှိတယ်၊ မကျေနပ်တာရှိတယ်’’ဟု ဒေါက် တာလှမိုးက ဆက်လက်ပြောကြား သည်။

လက်ရှိအချိန်အထိ မေးခွန်း များ ဆောင်ရွက်ပြီးစီးနိုင်မှုအခြေ အနေတွင် ကြယ်ပွင့်ပြမေးခွန်း ၉၁၅ ခုကို သက်ဆိုင်ရာ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ကိုယ်တိုင်လာရောက်ဖြေ ဆိုထားပြီး မေးခွန်း ၂၂၀ ကို စာဖြင့် ဖြေဆိုထားသည်။ ထို့အပြင် ကြယ်ပွင့်မပြမေးခွန်း ၃,၂၃၀ ကို စာဖြင့်မေးမြန်းကာ စာဖြင့်ပြန်လည်ဖြေ ကြားထားကြောင်း ပြည်သူ့လွှတ် တော်ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို ၂၀၁၆ ဖေ ဖော်ဝါရီတွင် စတင်ခဲ့ပြီး  ပုံမှန် အစည်းအဝေး ခြောက်ကြိမ်တွင် ၁၉၈ ရက် ခေါ်ယူကျင်းပထား သည်။

========================
251 / End