၁၇ ဒီဇင်ဘာ ၂၀၁၇ - ၁၆:၀၂
တနင်္သာရီတိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို အသစ်ပြန်လည်ရွေးချယ်ရန် ညွှန်ကြား

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ယခင် သမ္မတသက် တမ်းက ရွေးချယ်ထားသည့် ရပ် ကျေးအုပ်ချုပ်ရေးမှူးအားလုံးကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား ၍ အသစ်ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ယခင် သမ္မတသက် တမ်းက ရွေးချယ်ထားသည့် ရပ် ကျေးအုပ်ချုပ်ရေးမှူးအားလုံးကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား ၍ အသစ်ပြန်လည်ရွေးချယ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

‘‘ပြီးခဲ့တဲ့ ညှိနှိုင်းအစည်း အဝေးမှာ လက်ရှိဥပဒေအရ ကြီး ကြပ်ရေးမှူးအသစ်လည်း ရွေး တယ်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အသစ်တွေ ပြန်ရွေးတယ်ဆို တော့ အုပ်ချုပ်ရေးမှူးအသစ် လည်း ရွာတိုင်းအားလုံး ပြန်ရွေး သင့်တယ်ပြောတော့ အားလုံးက သဘောတူတယ်’’ဟု ၎င်းကပြော သည်။ ယခု နောက်ဆုံးပြင်ဆင် ထားသည့် ရပ်ကျေးအုပ်ချုပ်ရေး မှူးဥပဒေအရ ပြန်လည်ရွေးချယ် ရန် ညွှန်ကြားချက် မထွက်မီ ကတည်းက အကြောင်းအမျိုး မျိုးကြောင့် အရေးယူခံရသည့် အုပ်ချုပ်ရေးမှူးနေရာများတွင် အစားထိုးရွေးချယ်ခန့်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နေ ရာကိုလည်း အသစ်ပြန်လည်ရွေး ချယ်မည်ဟု ဝန်ကြီးဦးမြင့်စန်းက ရှင်းပြသည်။

ထို့ကြောင့် တိုင်းအစိုးရ အဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေး ချယ်တင်မြှောက်ခြင်းကို လက်ရှိ တည်ဆဲဥပဒေနှင့်အညီ တရားမျှ တစွာ ဆောင်ရွက်ရန် ခရိုင်၊ မြို့ နယ် အုပ်ချုပ်ရေးမှူးများအား ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် တိုင်းအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေး ချယ်ခြင်း ၂၅ ရာခိုင်နှုန်းခန့် ပြီးစီး ပြီဖြစ်ကြောင်း ဦးမြင့်စန်းက ပြော သည်။ တနင်္သာရီတိုင်းကို ခရိုင် သုံးခု၊ မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

၂၀၁၆ ဒီဇင်ဘာက ပြင်ဆင် ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် သမ္မတသက် တမ်းအတိုင်း ဖြစ်ရမည်ဟု ပြင် ဆင်ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ် ချုပ်ရေးမှူးများကို သက်ဆိုင်ရာ အစိုးရက ခန့်အပ်ရမည်ဖြစ်ပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၉ အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကို သက်ဆိုင်ရာရပ်ကွက်(သို့ မဟုတ်) ကျေးရွာကသာ ရွေး ချယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခင်က ရပ်ကျေးအုပ်ချုပ် ရေးမှူး ရွေးချယ်ရာတွင် ဆယ် အိမ်စုကိုယ်စားလှယ်များကို စု စည်းပြီးမှသာ ၎င်းတို့အနက် အုပ်ချုပ်ရေးမှူးလုပ်ကိုင်ရန် ဆန္ဒ ပြုသူကို ဆယ်အိမ်စုကိုယ်စား လှယ်များက မဲထည့်ရွေးချယ်ရ သည်။ သို့သော် ယခု ရွေးချယ်ပွဲ တွင် အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆)ရှိသူ၊ အိမ်ထောင်စုတစ်စု လျှင် အသက် (၁၈)နှစ်ပြည့်ပြီးသူ အိမ်သားတစ်ဦးက တိုက်ရိုက်မဲပေးရွေးချယ်မည်ဖြစ်သည်။

========================
251 / End