အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား ပိုလန်နိုင်ငံ University of Information Technology and Management in Rzeszow, Poland (UITM) က စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Business Administration) ကို ဒီဇင်ဘာ ၁၈ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
စီမံခန့်ခွဲမှုနယ်ပယ်တွင် ထူးချွန်စွာလုပ်ဆောင်နိုင်ခဲ့သည့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဆောင်ရွက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၇ စက်တင် ဘာ ၂၅ ရက်က Robinson Busi-ness School Myanmar ၏မိတ် ဖက်တက္ကသိုလ်ဖြစ်သည့် ပိုလန် နိုင်ငံ (UITM) မှ အဆိုပါဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ပေးအပ် ကြောင်း ကြေညာခဲ့သည်။
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကို ရန် ကုန်မြို့ရှိ ဝန်ကြီးချုပ်နေအိမ်၌ ဒီဇင်ဘာ ၁၈ ရက်ညက ကျင်း ပခဲ့ရာ UITM ဒုဥက္ကဋ္ဌဒေါက်တာ Andrej Szelc နှင့် Robinson Business School မှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ကျောင်းအုပ်ကြီး ဒေါက်တာ Richard Hu တို့က ဂုဏ်ပြုစကားပြောကြားပြီး ဘွဲ့ လက်မှတ်ပေးအပ်ချီးမြှင့်သည်။
‘‘စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့ပေးတာ ပါ။ မနေ့က (ဒီဇင်ဘာ ၁၈ ရက်) ဝန်ကြီးချုပ်နေအိမ်မှာပဲ ဘွဲ့ကို လက်ခံခဲ့တယ်’’ဟု Robinson Business School Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်း အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးတို့လည်း တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြ သည်။
‘‘ရန်ကုန်တိုင်းဝန်ကြီးချုပ် ဆိုလည်း သူ့အရည်အသွေးနဲ့သူ ရှိပါတယ်။ အရည်အသွေးရှိလို့ လည်း ဒီနေရာမှာ လုပ်နေတာ ပေါ့။ ကိုယ့်လူကို အသိအမှတ်ပြု တာ ဝမ်းသာတာပေါ့။ ပြီးတော့ ဟန်ရှိတာပေါ့။ ဒီလူတွေ လုပ်နိုင် တဲ့အရည်အသွေးရှိတယ်၊ လုပ် နိုင်တဲ့အခွင့်အရေးလည်း ရှိတယ်၊လုပ်လည်းလုပ်မယ်လို့ ယူဆလို့ ဒီလိုဂုဏ်ထူးဆောင်ဘွဲ့တွေ ပေး ပြီးတော့ တွန်းပို့တဲ့သဘောပေါ့။ ဘွဲ့ထူးဂုဏ်ထူးတွေ ရတဲ့သူတွေ ဒီအပေါ်မှာ အသုံးချပြီး အာဏာ တို့၊ ပါဝါတို့ အသုံးချမလွဲအောင် တော့ သတိပြုဖို့လိုတယ်’’ဟု ဒေါက်တာခင်မောင်ညိုက မှတ် ချက်ပြုသည်။
ဆက်လက်၍ ‘‘ဒေါ်စုတုန်း ကတော့ အောက်စဖို့ဒ်က ဂုဏ် ထူးဆောင်ဘွဲ့ပေးတယ်။ ပြီးတော့ သူတို့မကျေနပ်ချိန်ကျတော့ ဒီ တိုင်း ဖြုတ်ချလည်း ရပေမယ့် မီဒီ ယာသမားတွေ ခေါ်အသိပေးပြီး ဖြုတ်ချတယ်။ လူသိများတဲ့သူဆို ဒီလိုမျိုးနဲ့ သိက္ခာချလို့လည်း ရ တယ်။ ဒီလိုဂုဏ်ထူးဆောင်ဘွဲ့ တွေ သုံးပြီး တွန်းတင်လိုက်၊ ဖိနှိပ် လိုက် လုပ်တာမျိုးတော့ သိပ်မ ကောင်းဘူးပေါ့’’ဟု ဒေါက်တာခင် မောင်ညိုက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် (၄၈)နှစ်ရှိပြီဖြစ်ပြီး ရူပဗေဒဘာသာရပ် အထူးပြုဖြင့် တက္ကသိုလ်ဒုတိယ နှစ်အထိ တက်ရောက်ထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် လှည်းကူးမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခဲ့သည့် UITM ကို ၁၉၉၆ က ပိုလန်နိုင်ငံ Rzeszow မြို့တွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအ သင်းက တည်ထောင်ခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများရှိ အကြီး ဆုံးပုဂ္ဂလိကတက္ကသိုလ်များစာ ရင်းတွင် ပါဝင်ပြီး တစ်ကမ္ဘာလုံး ရှိ အကောင်းဆုံး ပုဂ္ဂလိကတက္က သိုလ်အဆင့်သတ်မှတ်ချက်များ တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။ ရန်ကုန်နှင့် နေပြည်တော်တွင် ဖွင့်လှစ်ထားသော Robinson Business School Myanmar သည် UITM နှင့် ပူးပေါင်းကာ စီးပွားစီမံဘွဲ့သင်တန်းများ ဖွင့် လှစ်ထားသည်။
လူမှုအသိုင်းအဝိုင်းအကျိုး စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံနှင့် လူမျိုးအတွက် ထူးချွန် ပြောင်မြောက်သော လုပ်ဆောင် မှုရှိသူများ၊ ငြိမ်းချမ်းရေးလုပ်ငန်း များတွင် တက်ကြွထူးချွန်စွာ ပါဝင် ဆောင်ရွက်သူများကို သတ်မှတ် စံနှုန်းများနှင့်ကိုက်ညီပါက တက္က သိုလ်များက ဂုဏ်ထူးဆောင်ပါရ ဂူဘွဲ့များ ပေးအပ်သည်။
========================
251 / End
၂၀ ဒီဇင်ဘာ ၂၀၁၇ - ၁၅:၂၁
News ID: 873388
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား ပိုလန်နိုင်ငံ University of Information Technology and Management in Rzeszow, Poland (UITM) က စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Business Administration) ကို ဒီဇင်ဘာ ၁၈ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။