အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်၏ ရိက္ခာပို့သည့်ကားများကို တားဆီးစစ်ဆေး ၍ဆိုကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ ဝင်လေးဦး အသတ်ခံရကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။
‘‘၁၉ ရက် ညနေမှာ နယ်စပ်ကို ရိက္ခာပို့တဲ့ကားတွေ ပြန်လာ တာရှိတယ်။ ပြန်လာတော့ သူတို့ သစ်တွေဘာတွေ သယ်လာတာ ရှိတယ်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ရဲဘော်က တားပြီးတော့မှ စစ်တာပေါ့။ စစ်တော့ မဖမ်းပါဘူး သူတို့ ပြန်လွှတ်ပေးလိုက်တယ်။ နောက်တစ်ရက်ကျတော့ သူတို့မကျေနပ်လို့ထင်တယ် ဝိုင်းပြီးတော့ အဲဒီလိုလေးယောက်လောက် အသတ်ခံလိုက်ရတယ်’’ ဟု ခူညေးရယ်က ဆိုသည်။
ကယားပြည်နယ်အခြေစိုက် KNPP အဖွဲ့သည် အစိုးရနှင့်ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် ပြီး လက်ရှိတွင်လည်း တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ် (NCA) တွင်ပါဝင် ရန် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ် သည်။ ထို့အပြင် KNPP သည် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်လည်း ဖြစ်သည်။
လွိုင်ကော်-ရှားတောလမ်း ပေါ်ရှိ KNPP ကင်းစခန်းရှိ ရဲဘော်များသည် ဒီဇင်ဘာ ၂၀ ရက်တွင် အသတ်ခံရပြီး ၎င်းတို့၏ အရိုးပြာ များကို ဒီဇင်ဘာ ၂၁ ရက်၌ တပ် မတော်က လွိုင်ကော်ရှိ KNPP ဆက်ဆံရေးရုံးသို့ ဆက်သွယ် ပေးပို့ခဲ့ကြောင်း ခူညေးရယ်က ပြောသည်။
‘‘သူတို့ပြောတဲ့ပုံက KNPP က အခွန်ကောက်တယ်ပေါ့။ နောက်ပြီးတော့ ကားကို တား တယ်ပေါ့။ အဲဒါကြောင့် သူတို့ သွားရှင်းပေးတာ။ အဲဒီမှာထိပ် တိုက်ဖြစ်တယ်လို့ သူတို့ပြော တယ်။ အမှန်က သူတို့သွားဝိုင်း တယ်လို့ ယူဆတယ်။ ကျွန်တော် တို့ရဲဘော်က လေး၊ငါးယောက်ပဲရှိတာ။ အုပ်စုလိုက် လာဝိုင်းတဲ့အခါကျွန်တော်တို့ ရဲဘော်တွေက လည်း ဘာမှမလုပ်တတ်တော့ဘူး လေ။ အသက်ရှင်တဲ့လူဆို တစ် ယောက် ပျောက်နေတယ်’’ ဟု ၎င်းကပြောသည်။ ထို့အပြင် တပ် ဖွဲ့ဝင် လေးဦး အသတ်ခံရမှုသည် တိုက်ပွဲဖြစ် ပွားခြင်းမျိုးမဟုတ်ဘဲ အပြန်အလှန် ပစ်ခတ်သည့် လက္ခ ဏာမရှိဟု ခူညေးရယ်က ဆက် လက်ပြောသည်။
KNPP တပ်ဖွဲ့ဝင်လေးဦး သေဆုံးသည့် ကိစ္စနှင့်ပတ်သက် ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ (လွိုင်ကော်) မှ တာဝန်ရှိ သူများ အနေဖြင့် သက်ဆိုင်ရာ တပ်မတော် အရာရှိကြီးများထံ သွားရောက်ရှင်းလင်းနေကြောင်း ဒကစ (လွိုင်ကော်)မှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်က 7Day Daily သတင်းစာအား ပြောသည်။
‘‘အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့လူကြီးက ဗိုလ်ချုပ်နဲ့သွားတွေ့နေပါတယ်။ အခု ကတော့ ပြောလို့မရဘူး။ ဗိုလ် ချုပ်တွေနဲ့ သွားတွေ့ပြီး ရှင်းနေပါ တယ်’’ ဟု ၎င်းကဆက်ပြောသည်။ အသေးစိတ်ကိုမူ ဖြေကြားခွင့်မရှိဟုလည်း ၎င်းကပြောသည်။
KNPP တပ်ဖွဲ့ဝင်များ အ သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒီဇင် ဘာ ၂၂ ရက်တွင် လူမှုအဖွဲ့အ စည်းအချို့မှ ပုဂ္ဂိုလ်များက လွိုင် ကော်မြို့ပေါ်၌ ဆန္ဒထုတ်ဖော် ခဲ့ပြီး KNPP ရဲဘော်များကို သတ်ဖြတ်မှု ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ ဆန္ဒပြခြင်းနှင့်ပတ် သက်ပြီး လွိုင်ကော်မြို့ခံ ယာဉ် မောင်းတစ်ဦးက ‘‘ဟိုတစ်နေ့က ပြဿနာတက်တာ။ KNPP က ရဲဘော်တွေနဲ့၊ ဒကစက လူတွေနဲ့ ပြဿနာတက်တာ လက်လွန် ခြေလွန် ဖြစ်သွားလို့။ ဒကစ ထောက်ပံ့ရေးပစ္စည်းတွေ သွားပို့ တဲ့ ယာဉ်တန်းကို ဆက်ကြေး ကောက်တာ။ မပေးရင် နောက် တစ်ခေါက် မီးရှို့မယ် ဘာညာ ပြောတော့ ဒကစဗိုလ်က ညတွင်း ချင်းသွားပြီးတော့ ပြဿနာကို ရှင်းလိုက်လို့ပြောတော့ အောက်က ရှင်းလိုက်ဆိုတာ နားကြားလွဲပြီး လက်လွန်သွားတယ်လို့ ပြော တယ်။ ဘယ်သူမှားတယ် ဘယ်သူ မှန်တယ်ကတော့ မသိဘူး’’ ဟု ပြောသည်။
KNPP ရဲဘော်များအသတ် ခံရမှု ဖြစ်စဉ်ကြောင့် အစိုးရက ဆောင်ရွက်နေသည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကိစ္စ၊ NCA ကိစ္စများအပေါ် သက် ရောက်မှုများစွာ ဖြစ်ပေါ်စေနိုင် သည်ဟု ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ အမှုဆောင် ဦး ညွန့်ရွှေက ပြောသည်။
‘‘ကယားပြည်နယ် ငြိမ်းချမ်း ရေး အပြင်ကို NCA လက်မှတ်မ ထိုးရသေးတဲ့ကိစ္စ ဆွေးနွေးတဲ့အ ပေါ်မှာ ဒါအများကြီး အဟန့်အ တားဖြစ်မယ်လေ။ နောက်ဒေါ် အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ၂၀၁၇ ငြိမ်းချမ်းရေးနှစ်ပါဆိုတဲ့ စကားလုံးကို လုံးဝဆန့်ကျင်တယ် လို့ မှတ်ချက်ပေးချင်တယ်’’ ဟု ဦးညွန့်ရွှေက ပြောသည်။
KNPP ရဲဘော်များ သတ် ဖြတ်ခံရမှု ကိစ္စကို KNPP ဗဟို ဌာနချုပ်သို့ တင်ပြထားပြီးဗဟို ဌာနချုပ်က ယင်းကိစ္စအပေါ် ကြေ ညာချက်တစ်စောင် ထုတ်ပြန်ရန် ရှိသည်ဟု ခူညေးရယ်က ပြော သည်။ တပ်ဖွဲ့ဝင် လေးဦးသေဆုံးမှု ကိစ္စနိုင်ငံရေးနည်းဖြင့် အကောင်းဆုံးပြေလည်မှု ရရှိအောင် အဖြေ ရှာမည်ဖြစ်၍ စိုးရိမ်တကြီးမဖြစ်ရန် KNPP အတွင်းရေးမှူး (၂) ခူဒယ်နီယာယ်က ကယား ပြည်နယ်အခြေစိုက် ကန္တရဝတီ တိုင်း(မ်) သတင်းဌာနသို့ဖြေကြား ထားသည်။
‘‘ကျွန်တော်တို့ အကောင်းဘက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လိုအ ရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်း အ တိုင်းပဲ’’ ဟု ၎င်းက ပြောကြားခဲ့ သည်။
အစိုးရနှင့် KNPP တို့သည် ၂၀၁၂ ကတည်းက အပစ်အခတ် ရပ်စဲခြင်းဖြစ်ရာ တင်းမာမှုအချို့ နှင့် ပဋိပက္ခအချို့ ဖြစ်ခဲ့သော် လည်း ဒေသတွင်း တိုက်ပွဲဖြစ်ပွား မှုမရှိခဲ့ပေ။
========================
251 / End
NCA လက်မှတ်ထိုးရေး ညှိနှိုင်းနေသည့် KNPP အဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး အသတ်ခံရ ဒကစ (လွိုင်ကော်) မှ တာဝန်ရှိသူများ တပ္မေတာ္အရာရွိႀကီးမ်
၂၃ ဒီဇင်ဘာ ၂၀၁၇ - ၁၄:၂၀
News ID: 873764
တပ်မတော်၏ ရိက္ခာပို့သည့်ကားများကို တားဆီးစစ်ဆေး ၍ဆိုကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ ဝင်လေးဦး အသတ်ခံရကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။