အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၈ ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ပြုလုပ်မည့် အာဆီယံ-အိန္ဒိယစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံသို့ တက် ရောက်ရန် စီစဉ်ထားကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၈ နှစ်သစ်ပြည်ပခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများနှင့် စီးပွားရေးဦးစီးဌာန သို့ မေးမြန်းရာ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးထွန်းက‘‘အာဆီယံ Calendar အရ အာဆီယံ-အိန္ဒိယ Summit နယူးဒေလီမှာ ရှိတယ်။ ရှေ့လဆန်းမှာ’’ ဟု ဖြေကြားသည်။
အထက်ပါညီလာခံစတင် ကျင်းပမည်ကို အိန္ဒိယက ထုတ် ဖော်ကြေညာခြင်းမရှိသေးဘဲ နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အသေးစိတ်အခြေအနေ ကိုလည်း မသိရသေးပေ။
သို့သော် ပြီးခဲ့သည့် နိုဝင်ဘာက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ၂၀၁၈ ဇန်နဝါရီတွင် နယူး ဒေလီမြို့၌ အာဆီယံ-အိန္ဒိယစီး ပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံ ကျင်းပမည်ဟု ၎င်း၏ ဖိလစ်ပိုင် ခရီးစဉ်တွင် တရားဝင်ကြေညာခဲ့ သည်။
အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့်ညီလာခံအကြောင်းကို ဝန်ကြီးချုပ်မိုဒီက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုညီလာခံ၌ ပြောကြားပြီးအကြီးမားဆုံးသော ညီလာခံဖြစ်လာမည်ဟုလည်း ကြွေးကြော်ခဲ့ သည်။
ထို့အတွက် ယင်းညီလာခံ သည် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၈ ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ဖွယ်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ၂၀၁၇ ဒီဇင်ဘာလ ဆန်းတွင် တရုတ်အစိုးရ၏အထူး ဧည့်သည်တော်အဖြစ် ဘေဂျင်း မြို့၌ ကျင်းပသည့် တရုတ်ကွန်မြူ နစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီ များ၏အဆင့်မြင့်ခေါင်းဆောင် များဆွေးနွေးပွဲဖွင့်ပွဲသို့ တက် ရောက် အမှာစကားပြောကြား သည်။
ယင်းခရီးစဉ်အတွင်း ဒေါ် အောင်ဆန်းစုကြည်နှင့် တရုတ် သမ္မတ စီကျင်းပင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးခဲ့သည်။
========================
251 / End
၂၅ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၄၀
News ID: 874168
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၈ ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ပြုလုပ်မည့် အာဆီယံ-အိန္ဒိယစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံသို့ တက် ရောက်ရန် စီစဉ်ထားကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။