၂၆ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၅၆
ရိုက်တာ သတင်းထောက် နှစ်ဦးကို မင်္ဂလာဒုံတရားရုံးတွင် ဒီဇင်ဘာ ၂၇ ရက် ရုံးထုတ်မည်

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေ ဖြင့် ဖမ်းဆီးခံရသော ရိုက်တာသတင်းထောက်နှစ်ဦး ကို ဒီဇင်ဘာ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး ၌ ပထမဆုံးအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေ ဖြင့် ဖမ်းဆီးခံရသော ရိုက်တာသတင်းထောက်နှစ်ဦး ကို ဒီဇင်ဘာ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး ၌ ပထမဆုံးအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အဲဒီနေ့(ဒီဇင်ဘာ ၂၇ ရက်)ကတော့ ချုပ်ရက် ရမန်လည်း ပြည့်ပြီလေ။ အခုရမန်အတွင်းမှာ စစ် ဆေးချက်ပြီးရင် ဥပဒေအကြံပြုချက်တောင်းပြီး တရားရုံးတင်မှာပေါ့။ ပထမရမန်နဲ့ မပြီးရင် ဒုတိယရမန်ထပ်ယူမှာပေါ့’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရုံးထုတ်မည့် အခြေအနေနှင့်ပတ်သက်၍ ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် ညက တည်းက ဖမ်းဆီးခံခဲ့ရသော သတင်းထောက် ကိုဝလုံးနှင့် ၁၀  ရက်ကျော်ကြာသည့်တိုင် အဆက်အသွယ် မရရှိသေးကြောင်း ၎င်း၏ဇနီး မပန်းအိမွန်က 7Day Daily သတင်းစာအား ယမန်နေ့ နေ့လယ်တွင် ပြောသည်။

‘‘ဒီဇင်ဘာ ၂၇ ရက်မှာတော့ ရမန်ပြည့်မယ်။ ဒါပေမဲ့ အဲဒီရမန်က လူခေါ်လာပြီး ရမန်ယူမှာလား၊ လူခေါ်မလာဘဲနဲ့ ရမန်ယူမှာလားဆိုတာတော့ ပြောလို့မရဘူးလို့ ပြောတယ်။ ညီမကတော့ ရဲအရာရှိကို ပြောခဲ့တယ်။ လူခေါ်လာပြီးရမန်ယူမယ်ဆိုရင် တွေ့ချင်လို့ အကြောင်း ပြန်ပေးပါလို့ ပြောခဲ့တယ်’’ဟု မပန်းအိမွန်က ပြော ကြားသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က တရားဥပဒေ နှင့်အညီ စစ်ဆေးနေကြောင်း သမ္မတရုံးပြော ခွင့်ရပုဂ္ဂိုလ်ဦးဇော် ဌေးက ပြောကြားထားသည်။

ရိုက်တာ သတင်းထောက် နှစ်ဦး အပြစ်မရှိပါက ဖမ်းဆီး မည်မဟုတ်ဘဲ ချုပ်ရမန်ကြီး ၁၅ရက်ပြည့်ပါက မိသားစုနှင့် တွေ့ဆုံခွင့်ရနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးတင်မြင့်က ပြောသည်။

နိုင်ငံတော် လျှို့ဝှက်ချက် များ အက်ဥပဒေဖြင့် ဖမ်းဆီးခံ ထားရသော ရိုက်တာသတင်း ထောက်နှစ်ဦးကို ၎င်းတို့၏မိသား စုဝင်များနှင့် တွေ့ဆုံခွင့်ပေးရန် နှင့် မည်သည့်နေရာတွင် ထိန်း သိမ်းထားသည်ကို ထုတ်ပြန်ပေး ရန် သတင်းမီဒီယာသမားများ၊ မီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက တောင်းဆိုထားသည်။

ယင်းနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများက အနက် ရောင် လှုပ်ရှားမှုများ ပြုလုပ်နေ သည်။ ရိုက်တာသတင်းထောက် နှစ်ဦးသည် အမှားတစ်စုံတစ်ရာ ပြုလုပ်ခဲ့သည်ဟု မထင်ဘဲ ၎င်း တို့သည် အပြစ်ကင်းကြောင်း၊ ဂျာ နယ်လစ်အလုပ်ကို လုပ်ကိုင်စဉ် အဖမ်းခံရသည့်အဖြစ်က ဆိုးရွား ကြောင်းနှင့် ၎င်းတို့နှစ်ဦးကို ပြန် လွှတ်ပေးသင့်ကြောင်း၊ လွတ် မြောက်သည်အထိ   ဆောင်ရွက်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာန အမှုဆောင်အယ်ဒီတာ Mr. Reg Chua က ဒီဇင်ဘာ ၂၃ ရက်တွင် Frontier Myan-mar သတင်းဌာနအား ပြောကြားထားသည်။

========================
251 / End