အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံမှ ဘင်္ဂါလီများအပေါ် လူ့အခွင့် အရေးချိုး ဖောက်မှုများကို ဆန့်ကျင်လာစေ ရေး တရုတ်နှင့်ရုရှားနိုင်ငံကို နိုင်ငံတကာကဖိအားပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက တိုက်တွန်းသည်။
‘‘လူ့အခွင့်အရေးဘက်က ရပ်တည်ရေး သူတို့ကို သိမ်းသွင်းစည်းရုံးနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့နဲ့ ဆက်ပြီး အလုပ်လုပ်ကြဖို့ တောင်းဆိုချင်ပါတယ်’’ ဟု မစ္စရန်ဟီးလီက ရိုက်တာသ တင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားသည်။
ဘင်္ဂါလီများအပေါ် စစ်ရေး အရ နှိမ်နင်းမှုကို ကန့်ကွက်ရေး အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(OIC)က ပြီးခဲ့သည့် နှစ်ရက်တွင် ကုလသမဂ္ဂသို့ တင် သွင်းသော အဆိုကို မြန်မာနိုင်ငံ ၏ အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည်။
လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ ပြင်ပမှ ပါဝင်ပတ် သက်သူများက ဖိအားပေးခြင်း သည် ပြဿနာကို ဖြေရှင်းရေးအ ထောက်အကူမဖြစ်ဘဲ ပို၍သာ ရှုပ်ထွေးစေလိမ့်မည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ မစ္စစ်ဟွာချွန်ယင်း က မစ္စရန်ဟီးလီကို တုံ့ပြန်ပြော ကြားသည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် အိမ်နီးချင်းမြန်မာနိုင်ငံနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းအတွက်ပါ အကျိုးရှိမည်မဟုတ်ဟု ဘေဂျင်း မြို့ ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင် မစ္စစ်ဟွာချွန်ယင်းကပြော ကြားသည်။
မစ္စရန်ဟီးလီကို မြန်မာအစိုး ရက ပြီးခဲ့သည့် သီတင်းပတ်အ တွင်း ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ ထို့အပြင် ရန်ဟီးလီနေရာတွင် မျှတ၍ ဘက်မလိုက်သည့် ပုဂ္ဂိုလ် တစ်ဦးနှင့် အစားထိုးလာပါက နိုင်ငံခြားရေးမူဝါဒအတိုင်း ပူး ပေါင်းဆောင်ရွက်မည်ဟု မြန်မာ ဘက်က ပြောကြားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက မှတ်ချက်ပေးရန် တောင်း ဆိုမှုကို မတုံ့ပြန်ခဲ့ဟု ရိုက်တာ သတင်းက ဖော်ပြသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး ရုရှားအစိုးရက ယခင်ကသတိပေးထား သည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး နီကိုလေးလစ်စတိုပို ဒေါ့ဗ်ကလည်း အလွန်အမင်းစွက်ဖက်မှုများကို ဆန့်ကျင်ကြောင်းနှင့် ယင်းမှာ အပြုသဘောရလဒ်များဆီ ဦးမတည်နိုင်ကြောင်း ပြောကြားခဲ့သည်။
========================
251 / End
မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် တရုတ်နှင့် ရုရှားကို ဖိအားပေးရန် ရန်ဟီးလီတောင်းဆို ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ပြင်ပမှ ဖ
၂၉ ဒီဇင်ဘာ ၂၀၁၇ - ၁၄:၄၂
News ID: 874783
မြန်မာနိုင်ငံမှ ဘင်္ဂါလီများအပေါ် လူ့အခွင့် အရေးချိုး ဖောက်မှုများကို ဆန့်ကျင်လာစေ ရေး တရုတ်နှင့်ရုရှားနိုင်ငံကို နိုင်ငံတကာကဖိအားပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက တိုက်တွန်းသည်။