၃၀ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၃၅
မြန်မာနိုင်ငံမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ထိုင်းတွင် ဖမ်းဆီး

မြန်မာနိုင်ငံမှ မဲဆောက် ခရိုင်သို့ တရားမဝင်သယ်ဆောင် လာသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီ ၁၅ တန်ကျော်ကို ထိုင်းအ ကောက်ခွန်အရာရှိများနှင့် စစ် သားများက ဖမ်းဆီးခဲ့ပြီး ယင်းမှာ မကြာမီနှစ်များအတွင်း အခွန် မဆောင်ထားသော အများဆုံး ဖမ်းမိသည့် စိုက်ပျိုးရေး ထွက်ကုန်အရေအတွက်ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံမှ မဲဆောက် ခရိုင်သို့ တရားမဝင်သယ်ဆောင် လာသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီ ၁၅ တန်ကျော်ကို ထိုင်းအ ကောက်ခွန်အရာရှိများနှင့် စစ် သားများက ဖမ်းဆီးခဲ့ပြီး ယင်းမှာ မကြာမီနှစ်များအတွင်း အခွန် မဆောင်ထားသော အများဆုံး ဖမ်းမိသည့် စိုက်ပျိုးရေး ထွက်ကုန်အရေအတွက်ဖြစ်သည်။

ဓာတ်မြေဩဇာ အိတ် ၁၅၀ ဖြင့် သယ်ဆောင်လာသော ကြက် သွန်နီ ၇,၅၀၀ ကီလို (တန်ဖိုး ဘတ်ကိုးသိန်း)နှင့် ကြက်သွန်ဖြူ ၇,၉၉၅ ကီလို (တန်ဖိုး ဘတ်လေး သိန်း)ရှိ ကုန်တင်ယာဉ်ကို ဒီဇင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးရမိကြောင်း မဲဆောက်အကောက် ခွန်ရုံး အကြီးအကဲ ဝတ်သာပါနှစ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ပြောကြားသည်။ ယင်းသတင်းစာရှင်းလင်းပွဲ၌ ဖမ်းဆီးရာတွင် ပါဝင်သော စစ်သားများလည်း ရှိနေသည်။

ဖမ်းဆီးမိသော ပစ္စည်းများ သည် မြန်မာနိုင်ငံ မြဝတီမြို့မှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ပြီး နယ်စပ်ကိုဖြတ်၍ တရားမဝင်တင်သွင်းလာသော အခွန်မဆောင် သည့် ကုန်ပစ္စည်းများကို ဒေသခံ အကောက်ခွန်အဖွဲ့နှင့် စစ်သား မျးက ဖိဖိစီးစီးနှိမ်နင်းမည်ဟု အ ကောက်ခွန်အရာရှိက ဆက်လက် ပြောကြားသည်။

အစောပိုင်းတွင် မဲဆောက် အကောက်ခွန်မှ စစ်ဆေးရေးအ ဖွဲ့နှင့် စစ်သားများကို မဲဆောက် ခရိုင် မယ်ဆိုင်လောက်ဒေသ သာအက်ကျေးရွာသို့ စေလွှတ်ခဲ့ ပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူ များတင်ဆောင်ထားသော ကုန် တင်ယာဉ်ရပ်နားထားသည်ကို တွေ့ရှိခဲ့သည်။

အဖွဲ့က စုံစမ်းစစ်ဆေးသော အခါ ကုန်တင်ယာဉ်မောင်းက ကုန်ပစ္စည်းများ မည်သည့်နေရာ က တင်ခဲ့သည်ကို ဖြေရှင်းရန်ပျက်ကွက်ခဲ့သဖြင့် ၎င်းကိုလည်း အရေးယူရန် ဖမ်းဆီးထားသည်။

မြန်မာ-ထိုင်း နယ်စပ်မြ၀တီ မြို့မှတစ်ဆင့် မွန်ပြည်နယ် မော်လမြိုင်သို့ ထိုင်းနိုင်ငံမှ ၀က် များကို တရားမ၀င် တင်ဆောင် လာသည့် ကားများကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် ဖမ်းဆီး ခဲ့ပြီး တစ်ပတ်အတွင်း ထိုင်းက မြန်မာဘက်မှ တင်သွင်းလာသော တရားမ၀င် ကုန်များကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

========================
251 / End