အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA) လက်မှတ်ထိုး ရေးကိစ္စကို ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)အဖွဲ့ဝင် အဖွဲ့ အစည်းများကြား အဆုံးအဖြတ်ရယူရန် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ဇန်န၀ါရီ ၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း ယင်းကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေးက ပြော သည်။
အဆိုပါ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်န၀ါရီ ၆ ရက်မှ ၈ ရက်အထိ သုံးရက် ကြာ ပြုလုပ်မည်ဖြစ်သည်။
‘‘NCA လမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းဖို့အတွက် စဉ်းစားတဲ့ဆွေးနွေးပွဲပေါ့’’ ဟု မွန် ပြည်သစ်ပါတီ(NMSP) ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကဆိုသည်။
NMSP ၏ ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက်ကစ၍ နှစ်ရက်ကြာ ပြုလုပ်ခဲ့ သည်။ အဆိုပါအစည်းအဝေးအ ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းတို့ ပါဝင် သည့် ကိုယ်စားလှယ်အဖွဲ့တို့ မွန် ပြည်နယ် ရေးမြို့တွင် တွေ့ဆုံခဲ့ သည်။
ယင်းနေ့၌ပင် NMSP သတင်းစဉ်က စီစဉ်ဆောင်ရွက် စရာများ ပြီးစီးပါက NCA လက် မှတ်ရေးထိုးနိုင်မည်ဟု ဖော်ပြခဲ့ ကြောင်း မွန်သတင်းအေဂျင်စီက သတင်းဖော်ပြသည်။ NCA လက် မှတ်ရေးထိုးနိုင်ရေးကိစ္စ UNFC သို့ အသိပေးရမည်ဟု မွန်ပြည် သစ်ပါတီက ပြောထားကြောင်း လည်း မွန်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဒုတိ ယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က ပြောကြားထားသည်။
လာမည့် UNFC အစည်းအ ဝေးတွင် အဖွဲ့ဝင်အဖွဲ့အစည်း များကို NMSP ၏ သဘောထား တင်ပြမည်ဟု နိုင်အောင်မငေးက ဆိုသည်။
‘‘ကျွန်တော်တို့ရှိနေတဲ့ သ ဘောထားပေါ့။ ကျွန်တော်တို့ ချဉ်းကပ်လမ်းတစ်ခုအသစ်အနေ နဲ့ အဲဒီလိုသဘောထားရှိတာကို UNFC စီအီးစီရဲ့နောက်အဖွဲ့ဝင် အဖွဲ့အစည်းသီးသီးကို ပြန်တင် ပြမှာပေါ့’’ ဟု ၎င်းကဆိုသည်။
NCA တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်း မည်မျှပါဝင်လက် မှတ်ထိုးနိုင်မည်ဆိုသည်ကိုမူ အ စည်းအဝေးပြီးမှ သိရမည်ဟု နိုင် အောင်မငေးက ဆိုသည်။ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများသည် NMSP၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ရခိုင် ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး(LDU)တို့ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာက က ယားပြည်နယ် လွိုင်ကော်မြို့နှင့် ခုနစ်မိုင်အကွာတွင်ရှိသော KNPP ယာယီကင်းစခန်းမှ တပ် ဖွဲ့ဝင်အချို့ ဒေသကွပ်ကဲမှုစစ်ဌာ နချုပ်(လွိုင်ကော်)လက်အောက် ခံတပ်များ၏ လက်ချက်ဖြင့် သေ ဆုံးခဲ့မှုကိစ္စကြောင့် NCA တွင် KNPP အဖွဲ့ ပါဝင်ရေးအချိန်ကြန့်ကြာစေနိုင်သည်ဟု အဖွဲ့အထွေ ထွေအတွင်းရေးမှူး ရွှေမျိုးသန့်ကပြောသည်။
တပ်မတော်ယာဉ်တန်းကို တားဆီးမေးမြန်းခြင်းနှင့် ပတ် သက်ပြီး တပ်ဖွဲ့ဝင်သုံးဦးနှင့် အ ရပ်သားတစ်ဦးကို ဒကစ(လွိုင် ကော်) လက်အောက်ခံတပ်များ က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNPP က ထုတ်ပြန်ထားပြီး ဒကစ (လွိုင်ကော်)ကမူ အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ် သည်ဟု ရှင်းလင်းချက်ထုတ်ထား သည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ် ကို တပ်မတော်စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့က စတင်စစ်ဆေးနေရာ တပ်မတော်ခုံအဖွဲ့၏ ရလဒ်ကို စောင့်ကြည့်မည်ဟု ရွှေမျိုးသန့် ကပြောသည်။ မည်သို့ပင်ဖြစ်စေ KNPP အနေဖြင့် NCA လမ်း ကြောင်းအတိုင်း လိုက်ပါနိုင်ရေး ဆက်လက်ညှိနှိုင်းမည် ဖြစ်သော် လည်း အချိန်အနည်းငယ်ယူရ မည်ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် KNPP အ ကြား လတ်တလောဖြစ်နေသည့် ပြဿနာသည် ဖြေရှင်းလို့ရသည့် ကိစ္စဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အကြား ယုံကြည်မှုပြန်ရအောင် ဆောင်ရွက်၍ရကြောင်း နိုင် အောင်မငေးက ဆိုသည်။
‘‘နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ ဘယ်လို လုပ်ရှင်းမလဲ၊ ဒါကို တစ်ဖက်နဲ့ တစ်ဖက်ကျေနပ်အောင် ပြောနိုင် မယ်ဆိုရင်တော့ ဒီကိစ္စကလွယ် ပါတယ်။ ဒါကို ဘာမှမလုပ်ပေး ဘူးဆိုရင် တစ်ဖက်နဲ့တစ်ဖက် သံသယစိတ်တွေ ပိုပြီးများလာ မယ်။ တစ်ဖက်နဲ့တစ်ဖက် ပိုပြီး နာကြည်းမှုဖြစ်လာမယ်ဆို အတူ တူသွားရမယ့်လမ်းက နည်းနည်း ဝေးသွားမယ်လို့ ထင်တာပေါ့’’ ဟု နိုင်အောင်မငေးက ပြော သည်။
လာမည့် UNFC အစည်း အဝေးတွင် NCA လက်မှတ်ထိုး ရန် ဆုံးဖြတ်မှုများရှိပါက ယင်းအ ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် များနှင့် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း လေ့လာသူအချို့က ဆို သည်။
========================
251 / End