၃ ဇန်နဝါရီ ၂၀၁၈ - ၁၈:၃၈
KIO ဥက္ကဋ္ဌသစ် တာဝန်အပ်နှံခြင်းအခမ်းအနား လိုင်ဇာတွင် ပြုလုပ်

KIO ဥက္ကဋ္ဌတာဝန်မှ အနားယူခဲ့သော ဦးဇောင်း ဟရားက ဥက္ကဋ္ဌတာဝန်ထမ်း ဆောင်မည့် ဗိုလ်ချုပ်ကြီး အင်ဘန်လအား တာဝန်အပ်နှင်းခြင်းအ ခမ်းအနားကို ဇန်န၀ါရီ ၂ ရက်က လိုင်ဇာတွင် ပြုလုပ်ခဲ့ကြောင်း KIOတာဝန်ရှိသူများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


KIO ဥက္ကဋ္ဌတာဝန်မှ အနားယူခဲ့သော ဦးဇောင်း ဟရားက ဥက္ကဋ္ဌတာဝန်ထမ်း ဆောင်မည့် ဗိုလ်ချုပ်ကြီး အင်ဘန်လအား တာဝန်အပ်နှင်းခြင်းအ ခမ်းအနားကို ဇန်န၀ါရီ ၂ ရက်က လိုင်ဇာတွင် ပြုလုပ်ခဲ့ကြောင်း KIOတာဝန်ရှိသူများက ပြောသည်။

ခေါင်းဆောင်နှစ်ဦးအား ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် တာ ၀န်အပ်နှင်းခြင်းအခမ်းအနားကို KIO ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့သည်။

လိုင်ဇာ၌ ဒီဇင်ဘာလကုန် က ပြုလုပ်ခဲ့သော ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးတွင် ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် KIO ဥက္ကဋ္ဌနှင့် KIC ဥက္ကဋ္ဌ ဖြစ်လာသည်။ ၎င်းသည် ယခင်က KIO ဒုဥက္ကဋ္ဌ (၁) ဖြစ် သည်။

KIA တွင်မူ ခေါင်းဆောင်မှု အပြောင်းအလဲမရှိခဲ့ဘဲ စစ်ဦးစီး ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကပင် တာဝန်ယူထားသည်။ နိုင်ငံရေးအဖွဲ့အစည်း KIO အောက် တွင် အုပ်ချုပ်ရေးအဖွဲ့ KIC နှင့် စစ်ရေးအဖွဲ့ KIA ဟူ၍ စုဖွဲ့ထားသည်။

ခေါင်းဆောင်မှုအပြောင်း အလဲအရ KIO ဒုဥက္ကဋ္ဌ (၁)ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုဥက္ကဋ္ဌ (၂) ယခင် KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဖြစ်လာသည်။ ယခင် KIC ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွန်မော်သည် KIC ဒုဥက္ကဋ္ဌ (၁) ဖြစ်လာပြီး ယခင်စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇုန်ဘုတ်ထန်းသည် KIC ဒုဥက္ကဋ္ဌ (၂) ဖြစ်လာသည်။

ခေါင်းဆောင်ပိုင်းအပြောင်း အလဲပြုလုပ်ခဲ့သည့် KIO အနေဖြင့်၎င်းတို့၏ ရှေ့ဆက်ဆောင်ရွက် မည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် စစ်ရေးဆိုင်ရာမူဝါဒများကို ထုတ်ပြန် ခြင်းမရှိသေးပေ။

‘‘အခုဥက္ကဋ္ဌ အင်ဘန်လပြန် ဦးဆောင်ပြီးတဲ့နောက်ပိုင်းမှာမှ သူတို့ရဲ့ အစည်းအဝေးဘယ်လို ပြန်ခေါ်မလဲ မသိသေးဘူး။ မူဝါဒ အပြောင်းအလဲတွေကိုတော့ မသိ ရသေးဘူး။ အခုက လူအပြောင်း အလဲပဲရှိသေးတယ်’’ဟု KIO နည်းပညာအထောက်အကူပြုအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

ဥက္ကဋ္ဌအပြောင်းအလဲရှိ သော်လည်း KIO ၏ ညှိနှိုင်းဆွေး နွေးရေးမူဝါဒသည် ယခင်အတိုင်း အပြောင်းအလဲမရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘ငြိမ်းချမ်းရေးနဲ့ ပတ်သက် တဲ့ဟာ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတော့ အဓိကကတော့ ဆွေး နွေးပြီးမှပဲ အဖြေရှာမယ်ဆိုတဲ့ ဟာပေါ့။ စစ်ရေးနည်းနဲ့ အဖြေရှာ မယ်ဆိုတဲ့ဟာတော့ ဒါမူဝါဒမ ဟုတ်ဘူးပေါ့ဗျာ’’ဟု ဦးဒေါင်ခါး က ဆိုသည်။

လက်ရှိတွင် KIO အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ထို့အပြင် တပ်မတော်နှင့် KIA တို့အကြား ၂၀၁၁ မှ စတင်ခဲ့သော တိုက်ပွဲများ၊ ပဋိပက္ခများလျှော့ချနိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ဗန်းမော်ဒေသအပါအ၀င် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း တပ်မတော်နှင့် KIA အပါအ၀င် ၎င်း၏ မဟာမိတ်လက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အစိုးရနှင့် KIO အကြား ငြိမ်း ချမ်းရေးဆွေးနွေးမှုအခြေအနေ သည် KIO အဖွဲ့အစည်း၏ မူဝါဒ ပေါ်မူတည်ပြီး အပြုသဘော ဆောင်ခြင်း၊ အနုတ်လက္ခဏာ ဆောင်ခြင်းတို့ ဖြစ်လာမည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း)က မှတ်ချက် ပြုထားသည်။

‘‘ခေါင်းဆောင်အပြောင်းအ လဲဖြစ်ပြီးတဲ့နောက် သူတို့ရဲ့ မူဝါဒတွေ အပြောင်းအလဲရှိလား၊ မရှိ လားဆိုတာ သူတို့က မထုတ်ပြန် သေးဘူး။ ထုတ်ပြန်လိုက်တဲ့အ ပေါ်မူတည်ပြီး ကိုယ်တို့က သုံး သပ်ရမှာပေါ့’’ဟု ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း)က ဆိုသည်။ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် ဦး (ငြိမ်း)အပါအ၀င် ကော်မရှင် တာဝန်ရှိသူများနှင့် KIO ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ယခု ဒီဇင်ဘာလလယ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။

အစိုးရနှင့် KIO တို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ဇွန်လတွင် အပစ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ KIO အနေဖြင့် မူလက NCA တွင်ပါဝင်ရန် ညှိနှိုင်းခဲ့သေးသော်လည်း နောက်ပိုင်း တွင် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသည့် ‘၀’လက်နက်ကိုင် အဖွဲ့ (UWSA) ဦးဆောင်သော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ၏ စုဖွဲ့မှုတွင် ပါဝင်ခဲ့သည်။ KIO မြောက်ပိုင်းခုနစ်ဖွဲ့တွင် ပါဝင်ခြင်းကို ကချင်လူထုခေါင်းဆောင်များ နှင့် ကချင်ဘာသာရေးခေါင်း ဆောင်များက ဝေဖန်မှုခဲ့သည်။

========================
251 / End