အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တပ်ဖွဲ့ ၀င်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့်ကိစ္စအဖြစ်မှန် ပေါ်ပေါက်ရန် အခင်းဖြစ်ပွားစဉ် က လွတ်မြောက်လာသူတပ်ဖွဲ့ဝင် ကို တပ်မတော် စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ထံ အစစ်ခံစေမည်ဟု KNPP စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။
တပ်မတော် ယာဉ်တန်းကို တားဆီးခြင်းနှင့်ပတ်သက်၍ ဒီဇင် ဘာ ၂၀ ရက်တွင် လွိုင်ကော်မြို့ နှင့် ခုနစ်မိုင်အကွာ၌ ရှိသော KNPP ယာယီတပ်စခန်းမှ တပ် ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး တို့သည် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(လွိုင်ကော်)လက်အောက်ခံ တပ်များမှ တပ်ဖွဲ့ဝင်များ၏ဖမ်း ဆီးမှုကြောင့် သေဆုံးခဲ့ကြောင်း KNPP က ထုတ်ပြန်ထားပြီး ဒကစ(လွိုင်ကော်)က အပြန်အ လှန်ပစ်ခတ်မှုကြောင့် သေဆုံး ခြင်းဖြစ်ကြောင်း ရှင်းလင်းထား သည်။
‘‘ကျွန်တော်တို့ဟာ အစိုးရ ရော၊ တပ်မတော်ရောကို လွတ် မြောက်တဲ့ရဲဘော်တစ်ယောက် ကို အစစ်ဆေးခံမယ်လေ။ အဲဒါ ကို စီစဉ်နေတယ်’’ ဟု ဗိုလ်ချုပ်ဘီ ထူးက ဇန်န၀ါရီ ၆ ရက်တွင် ပြော ကြားသည်။
အခင်းဖြစ်ပွားစဉ်က လွတ် မြောက်လာသည့် မောင်လာအ မည်ရှိ KNPP တပ်ဖွဲ့ဝင်ကို တပ်မတော်ခုံအဖွဲ့၏ စုံစမ်းစစ် ဆေးခြင်းကို လွိုင်ကော်မြို့၌ပင် မကြာမီပြုလုပ်နိုင်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။
‘‘နှစ်ဖက်စလုံးစစ်မှပဲ အဖြစ် မှန်ပေါ်မှာကိုး။ သူတို့စစ်ဆေးမှ အဖြစ်မှန်သိမယ်။ တိုက်ပွဲဖြစ် တယ်ပြောတယ်။ အခုက တိုက်ပွဲ မှမဖြစ်တာ။ တစ်ယောက်လွတ် မြောက်နေတာကိုး’’ ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။
KNPP တပ်ဖွဲ့ဝင်များ သေ ဆုံးခြင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် လွိုင်ကော်ဆက်ဆံ ရေးရုံးတာဝန်ခံခူညေးရယ်အပါ အ၀င် KNPP ကိုယ်စားလှယ်လေး ဦးကို တပ်မတော်ခုံအဖွဲ့က စစ် ဆေးပြီး ထိုစဉ်ကပင် လွတ် မြောက်လာသူကို စစ်ဆေးခွင့် တပ်မတော်က အဆိုပြုခဲ့သည်။
အဆိုပါဖြစ်စဉ်သည် KNPP က ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှတစ်ဆင့် ဆောင်ရွက် နေသော တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ညှိနှိုင်းမှုဖြစ်စဉ်နှင့် ပတ် သက်မှုမရှိကြောင်း ဗိုလ်ချုပ်ဘီ ထူးကပြောသည်။ NCA ညှိနှိုင်းမှု အဆင်ပြေပါက KNPP အနေဖြင့် ပါဝင်လက်မှတ်ထိုးရန်ရှိကြောင်း ၎င်းကဆိုသည်။
========================
251 / End
တပ်ဖွဲ့ဝင်များသေဆုံးမှု အဖြစ်မှန်ပေါ်ပေါက်ရန် လွတ်လာသူကို တပ်မတော်ထံ အစစ်ခံစေမည်ဟု KNPP စစ်ဦးစီးချုပ်ပြော
၇ ဇန်နဝါရီ ၂၀၁၈ - ၁၆:၂၆
News ID: 876237
ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တပ်ဖွဲ့ ၀င်သုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့်ကိစ္စအဖြစ်မှန် ပေါ်ပေါက်ရန် အခင်းဖြစ်ပွားစဉ် က လွတ်မြောက်လာသူတပ်ဖွဲ့ဝင် ကို တပ်မတော် စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ထံ အစစ်ခံစေမည်ဟု KNPP စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။