၁၀ ဇန်နဝါရီ ၂၀၁၈ - ၁၆:၃၉
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေး အစိုးရနှင့် တရုတ်ကုမ္ပဏီ ဆက်တိုက်ဆွေးနွေးနေ

ကျောက်ဖြူအထူးစီး ပွားရေးဇုန် စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေး နွေးပွဲများ ဆက်တိုက် ပြုလုပ်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကျောက်ဖြူအထူးစီး ပွားရေးဇုန် စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေး နွေးပွဲများ ဆက်တိုက် ပြုလုပ်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

ရခိုင်ပြည်နယ် စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုနိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အမြန်အကောင်အထည်ဖော်နိုင် ရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ် သည့် ရွေ့လျားအိမ်ရာ အလုံး ၁၀၀ လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကလည်း တိုက်တွန်း ပြောကြားသည်။

ကျောက်ဖြူ အထူးစီးပွား ရေးဇုန် စီမံကိန်းအကောင်အထည်ပေါ်လာပါက ရခိုင်ပြည်နယ်၏ လက်ရှိစီးပွားရေးအခြေအနေထက် တိုးတက်လာရန် အထောက်အကူဖြစ်နိုင်သည်ဟု တရုတ်သံအမတ်ကြီးက ပြော သည်။

‘‘အမြန်စသင့်တာတော့ မှန် ပါတယ်။ လုပ်ရမယ့်အဆင့်တွေ များတော့ တစ်ဆင့်ချင်းစီ လုပ်နေ ပါတယ်။ ဆွေးနွေးစရာတွေများ တယ်။ သဘောတူညီမှုတွေများ တော့ နှစ်လနဲ့သုံးလလောက် ကြာနိုင်တယ်။ ဆွေးနွေးမှုတွေအပြီးမှာ နှစ်ဖက်သဘောတူညီချက် တွေ ထွက်လာပါလိမ့်မယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က ပြောသည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ် ခု၊ လမ်းကြောင်းတစ်ခု (One Belt, One Road) စီမံကိန်းကို မြန်မာနိုင်ငံဘက်မှ မူအားဖြင့် သဘောတူထားခြင်းကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ဆက်စပ်၍ ကျောက်ဖြူ-ကူ မင်းရထားလမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် ရည် မှန်းထားသည်ဟု စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ကျောက်ဖြူ အထူးစီးပွား ရေးဇုန် စီမံကိန်း အကောင် အထည်ဖော်ရန် မြန်မာသို့ ရှယ် ယာ ၃၀ ရာခိုင်နှုန်း ပေးမည်ဟု တရုတ်ကုမ္ပဏီက ပြောကြားထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာ ဝန်ရှိသူတစ်ဦးက ၂၀၁၇ နိုဝင် ဘာ ၁၅ ရက်တွင် ပြောခဲ့သည်။

ယခင်အစိုးရလက်ထက် တွင် အဆိုပါစီမံကိန်းကို တရုတ် ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်ရန် သဘောတူထားပြီး လက် ရှိ အစိုးရက သဘောမတူ၍ ပြန် လည် ညှိနှိုင်းခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ကျောက်ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီ အုပ်စုက အကောင်အထည်ဖော်ခွင့် ရထား သည်။ အဆိုပါစီမံကိန်းကို ယခင် အစိုးရသက်တမ်း ကုန်ဆုံးခါနီး တွင် အလျင်အမြန် အကောင် အထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်နေသော စီမံကိန်းဖြစ် သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်းနှစ်ခုကို ကန် ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံ ပြီး မြေဧက ၄,၂၀၀ ကျော် အသုံး ပြုမည်ဟုဆိုသည်။

========================
251 / End