အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ပအိုဝ်းငြိမ်းချမ်း ရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ် (ဌာန)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီတို့ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၅ ရက်က နေပြည် တော်၌ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံမှုတွင် အုပ်ချုပ်ရေး၊ နယ် မြေလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။
အဆိုပါ တွေ့ဆုံမှုတွင် ဦးအောင်ခမ်းထီက ၎င်းတို့အဖွဲ့ အနေဖြင့် တောတွင်းနေထိုင်၍ လက်နက်ကိုင်ခြင်းဖြင့် မည်သည့် အကျိုးမျှ မရှိသည့်အပြင် တိုင်း ပြည်စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အဟန့်အတား ဖြစ်စေနိုင်သောကြောင့် အခြား ရုပ်ဝတ္ထုပစ္စည်းများကို မက်မော ခြင်းမရှိ၊ အရှိတရား၊ အမှန်တရား ကို လက်ကိုင်ထား၍ ငြိမ်းချမ်းရေး ရယူရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၂ တွင် ငြိမ်းချမ်းရေးရယူခဲ့သည်ဟု ဦးစွာဆွေးနွေးကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ တွင် ပအိုဝ်းတိုင်းရင်းသားဦးရေ ၁၁ သိန်းခန့်ရှိပြီး ဆက်လက်၍ တိုးတက်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ် မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက် ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဒေသတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးသုံး စွဲ၊ ထုတ်လုပ်၊ ရောင်းဝယ်မှုများ ကို တားဆီးကာကွယ်ရမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆွေးနွေးသည်။
ဦးအောင်ခမ်းထီ ခေါင်း ဆောင်သည့် PNO အဖွဲ့သည် ၁၉၉၁ တွင် တပ်မတော်အစိုးရနှင့် ဆွေးနွေးပြီး ငြိမ်းချမ်းရေးရယူခဲ့ သည့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ထို့နောက် ပြည်သူ့စစ် အဖွဲ့ အသွင်ပြောင်းလဲခဲ့ခြင်းဖြစ် သည်။ PNO အဖွဲ့သည် ငြိမ်းချမ်း ရေးယူပြီးနောက်ပိုင်း ကုမ္ပဏီများ ထူထောင်၍ ကျောက်မျက်တူး ဖော်ခြင်း၊ စိုက်ပျိုးရေးနှင့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လုပ်ကိုင်နေသည်။
========================
251 / End
၁၆ ဇန်နဝါရီ ၂၀၁၈ - ၁၅:၀၈
News ID: 877701
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ပအိုဝ်းငြိမ်းချမ်း ရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့စစ် (ဌာန)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီတို့ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။