အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
YBS ဘတ်စ်ကားစနစ် ကျင့်သုံးခဲ့သည့် တစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။
ဦးဖြိုးမင်းသိန်းသည် YBS ဘတ်စ်ကားစနစ် တစ်နှစ်အကြာ တွင် နိုင်ငံတကာ အဆင့်ရောက်ရ မည်ဟု ယမန်နှစ်က ပြောကြား ဖူးသည်။
သို့သော် ဇန်န၀ါရီ ၁၆ ရက် က ပြုလုပ်သည့် YBS ဘတ်စ် ကားစနစ် တစ်နှစ်ပြည့်အခမ်းအ နား၌ ၎င်းမျှော်မှန်းထားသည့် နိုင်ငံတကာအဆင့်သို့ ရောက်ရှိ ခြင်းရှိ၊ မရှိ မပြောကြားဘဲ YBS စနစ်တွင်ပြောင်းလဲခဲ့သည့် လုပ်ငန်းစဉ်အချို့ကိုသာ ဥပမာပေး၍ ပြောကြားသည်။
YBS ဘတ်စ်ကား စနစ် တစ်နှစ်တာအတွင်း ဘတ်စ်ကား အသစ်အချို့ ပြေးဆွဲနိုင်ခဲ့ခြင်း၊ ယာဉ်နောက်လိုက်များ မထားရှိ တော့ဘဲ ဘတ်စ်ကားများတွင် ငွေထည့်ပုံး(Cash Box) များ အစားထိုးအသုံးပြုနိုင်ခြင်းနှင့် ငွေ ပေးကတ်စနစ် ကျင့်သုံးအကောင် အထည်ဖော်မည့် ကုမ္ပဏီကို ရွေး ချယ်နိုင်ခဲ့ခြင်း စသည့်ဆောင်ရွက် ချက်များကို ၎င်းက ဦးစားပေးပြောကြားခဲ့သည်။
ထို့အပြင် YBS ဘတ်စ်ကား စနစ်ပြုပြင်ပြောင်းလဲမှု ဆောင် ရွက်ခဲ့သည့် ကာလအတွင်းဝိုင်း ၀န်းကူညီပံ့ပိုးသူများ ရှိသကဲ့သို့ အောင်မြင်မည်မဟုတ်ဟု ဝေဖန် ပြောကြားမှုများ ကြုံခဲ့ရကြောင်း ၎င်းကဆိုသည်။
‘‘YBS စနစ်စတင်ခဲ့စဉ် အ ချိန်ကာလမှာ ကျွန်တော်တို့အစိုး ရအဖွဲ့သစ်အနေနဲ့ အခွင့်အလမ်း တွေ၊ စိန်ခေါ်မှုတွေများစွာ ကြုံ ခဲ့ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
၎င်းတို့အစိုးရသည် ပြုပြင် ပြောင်းလဲမှုများကို ပြည်သူလူ ထုနှင့်အတူ ဆက်လက်ဆောင် ရွက်မည်ဟုဆိုသည်။
YBS စနစ်နှင့်ပတ်သက်၍ ၂၀၁၈ တွင် အဓိကလုပ်ငန်းအဖြစ် ငွေပေး ကတ်စနစ်ကျင့်သုံးမည်ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က YBS ဘတ်စ်ကားစနစ် ၏ တစ်နှစ်တာအတွင်း မျှော်မှန်း ထားသည့် လုပ်ငန်းအများစုကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆို သည်။
၂၀၁၈ တွင် ငွေပေးကတ် စနစ်ကျင့်သုံးခြင်း၊ ညဘက်ဘတ်စ်ကားများ ရပ်နားရန် ခက်ခဲနေ ခြင်းများကို ဖြေရှင်းနိုင်ရန် ယာဉ် ရပ်နားဝင်းများ တည်ဆောက် ပေးခြင်းနှင့် ပထမတစ်နှစ်အတွင်း မပြီးပြတ်ခဲ့သည့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ပြောသည်။
ထို့အပြင် YBS ဘတ်စ်ကား စနစ်အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ကတိပြုပြောကြားခဲ့ သည်။
‘‘မအောင်မြင်စရာလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေအတွက်ပဲ ကျွန်မတို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တဲ့အ တွက် နေ့စဉ်ပြည်သူအများမှီခို သွားလာနေကြတဲ့ ကိစ္စဟာ အောင်မြင်အောင်ကို ဆောင်ရွက် ရမှာဖြစ်တဲ့အတွက် အောင်မြင် အောင်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) သည် YBS တစ်နှစ်တာအတွင်း ဆောင်ရွက်ရန် လျာထားခဲ့သည့် လုပ်ငန်းစဉ်များထဲမှ ၇၀ ရာခိုင် နှုန်း အောင်မြင်အောင် လုပ်နိုင် ခဲ့ကြောင်းလည်း ယင်းအဖွဲ့မှ အ တွင်းရေးမှူးဒေါက်တာမောင် အောင်က ပြောသည်။ ၎င်းက ၀န် ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား ခဲ့သော YBS စနစ်၏ပြောင်းလဲနိုင် ခဲ့သည့် လုပ်ငန်းစဉ်အချို့ကို ပြန်လည်ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ဘတ်စ်ကားစနစ် ကို အများပြည်သူဝန်ဆောင်မှု ပေးနိုင်သည့် စနစ်အဖြစ် ပြောင်း လဲရန်ဟုဆိုကာ ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်တွင် မထသကိုဖျက်သိမ်း ၍ YBS ဘတ်စ်ကားစနစ်ကို ပြောင်းလဲခဲ့သည်။
YBS ဘတ်စ်ကားစနစ် တစ် နှစ်အကြာတွင် ကားအသစ်များ ၀င်ရောက်ပြေးဆွဲလာခြင်း၊ ယာဉ်နောက်လိုက်များပါဝင်မှု လျော့နည်းလာခြင်းတို့အပေါ် ခရီးသည်အချို့က လက်ခံကြိုဆိုသော်လည်း၊ ညအချိန် ပြေးဆွဲသည့် ကားရှားပါးခြင်း၊ ဘတ်စ်ကားယာဉ်မောင်းအချို့ စည်းကမ်းဖောက်ဖျက်မှုရှိ နေသေးခြင်းနှင့် ဘတ်စ်ကားအ ချို့တွင် ယာဉ်နောက်လိုက်များ ပါ ၀င်နေသေးခြင်းများကို ပြီးပြတ် အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိဟုဆိုကာ ဝေဖန်မှုများရှိနေသည်။
‘‘တိုးတက်ပြီဆိုပေမယ့် ပြင် ဆင်စရာတွေ များသေးတယ်။ ချ မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အ ညီ အတူတကွ ဆက်လက်ကြိုး ပမ်းလုပ်ဆောင်သွားသင့်ပါသေး တယ်။ ယခင်မထသစနစ်ထက် တော့ YBS ဘတ်စ်ကားစနစ်ကို ပိုပြီး အားရမိပါတယ်’’ဟု ခရီး သွားတစ်ဦးက မှတ်ချက်ပြုသည်။
========================
251 / End
YBS ဘတ်စ်ကားစနစ်ကျင့်သုံးခဲ့သည့် တစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ဟု ဦးဖြိုးမင်းသိန်းပြော
၁၇ ဇန်နဝါရီ ၂၀၁၈ - ၁၆:၄၁
News ID: 877903
YBS ဘတ်စ်ကားစနစ် ကျင့်သုံးခဲ့သည့် တစ်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။ ဦးဖြိုးမင်းသိန်းသည် YBS ဘတ်စ်ကားစနစ် တစ်နှစ်အကြာ တွင် နိုင်ငံတကာ အဆင့်ရောက်ရ မည်ဟု ယမန်နှစ်က ပြောကြား ဖူးသည်။